Arc-2.6

1.2K 143 17
                                    


' ဟားဟား....'

' bossစောက်ရူး ဘာဖြစ်တာလည်း..'

' ရယ်နေတာလေ..'

' လိ့.. bossပြောမှလားမြင်တယ်လေ ဘာလို့ရယ်နေတာလည်း..'

' ဘာဖြစ်ရမှာလည်းကွာ ဇာတ်လိုက်ဖြစ်သွားတဲ့ရုပ်ကိုသဘောကျလို့..ဟွန့်..ဒါသူနဲ့ပဲတန်တယ်..သူ့ကြောင့်သာမဟုတ်ရင်ဒီကိုယ်သေမှာမဟုတ်ဘူး..စောက်ရမ်းလောဘကြီးတဲ့မသာ..ဒါအစပဲရှိသေးတယ်..နောက်ထက်သူ့အတွက်လက်ဆောင်တွေအများကြီးကျန်သေးတယ်..'

' ပြီးရော..ဒါနဲ့ဘာဆက်လုပ်မှာလည်း...'

' အိမ်တွင်းပုန်းမယ်..ကုမ္ပဏီကိုတော့ဂင်ဂျွန်ယောင်းအဖေကိုပဲခဏပြန်အပ်ရမှာပေါ့..'

' သြော်..'

သူများတွေအထင်ကတော့ဟန်မြောင်ဂမ်အခန်းထဲမှာ ငိုနေတယ်လို့ထင်နေကြတာဖြစ်တယ်..တကယ်တော့ဇာတ်လိုက်ရဲ့မျက်ခွက်ကြောင့် ရယ်ချင်စိတ်ကိုမအောင့်နိုင်လို့ အခန်းထဲဝင်ပြီးရယ်နေတာဖြစ်တယ်..ဟန်မြောင်ဂမ်ခန်းမထဲကနေထွက်လာတဲ့အချိန်တုန်းက ဂင်ဂျွန်ယောင်းကိုအကူအညီတောင်းပြီးသူ့အိမ်ကို ပြန်ပို့ခိုင်းတာဖြစ်တယ်..

သူ့အိမ်ကိုလည်းရောက်ရော အိမ်တော်ထိနိးရောကျန်တဲ့သူတွေအကုန်လုံး သူအသက်ရှင်နေတဲ့အတွက်ကြောင့် အံသြသွားခဲ့ကြတယ်..ပျော်နေတဲ့သူတွေရှိပေမဲ့လည်းဟန်မြောင်ဂမ်ပြန်လာတာကို သဘောမကျတဲ့သူတွေလည်းရှိတယ်...အဲ့လူတွေကတော့ပတ်ဆွန်းနယ်နဲ့ဂန်ဟာရမ်တို့ရဲ့လူများသာဖြစ်သည်။ သူတို့နှစ်ယောက်ကိုသာသူတို့သခင်ဖြစ်သဘောထားနေကြတာဖြစ်တယ်..

ဟန်မြောင်ဂမ်လည်းဒီအကြောင်းကိုရှောင်ပိုင်ပြောပြလို့ သိပြီးသားဖြစ်တယ်..ဒါ့ကြောင့်လည်းဒီအိမ်ထဲကဟိုဘက်ပါတဲ့သူတွေကို ဖော်ထုတ်ပြီးမောင်းထုတ်ဖို့အတွက် သူလာတာဖြစ်တယ်..ဒါပေမဲ့သူကိုယ်တိုင်ဖော်ထုတ်လို့အဆင်မပြေတာကြောင့် ဂင်ဂျွန်ယောင်းကိုသာအကူအညီတောင်းခဲ့တယ်..သူသိထားတဲ့အရာတွေကို ဂင်ဂျွန်ယောင်းကိုပြောခဲ့။

ဂင်ဂျွန်ယောင်းကလည်းတစ်ချို့အိမ်ဖော်တွေကို စိတ်တိုင်းမကျတာကြောင့်သူစုံစမ်းခဲ့တယ်..နောက်တော့ပတ်ဆွန်းနယ်ရဲ့ဘက်တော်သားများစွာကို သူသိသွားခဲ့တယ်..ဂင်ဂျွန်ယောင်းကတစ်ယောက်ချင်းသူတို့အကြောင်းကိုစစ်နေခဲ့တယ်..ဟန်မြောင်ဂမ်ကတော့မယုံကြည်နိုင်တဲ့ပုံစံနဲ့ ဟန်ဆောင်နေခဲ့ရ။ ဟန်မြောင်ဂမ်ဘက်ကသူတွေကတော့ဟန်မြောင်ဂမ်ကို တော်တော်လေးသနားသွားခဲ့တယ်..

villain boss(s-3)Where stories live. Discover now