Arc-2.2

1.4K 152 10
                                    


( အပေါ်ကတစ်ယောက်က ကလေးနှလုံးလေး ဂင်ဂျွန်ယောင်းပါ)

" မင်းသိပြီးပြီလား ပတ်ဆွန်းနယ်လေကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ကွ.."

" ဘာ...တကယ်ကြီးလားဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလည်း...ပတ်ဆွန်းနယ်ကသူ့ရည်းစားဟန်မြောင်ဂမ်ကို ဘယ်လောက်တောင်ချစ်လိုက်လည်း..ဟန်မြောင်ဂမ်သေလို့အရူးတစ်ပိုင်းကြီးတောင်ဖြစ်နေတာလေ.."

" မဟုတ်ပဲပြောပါ့မလားကွ ဒီမှာကြည့်.."
သူ့ဖုန်းကိုထုတ်ပြီးတစ်စုံတစ်ရာကိုရှာဖွေလိုက်တယ်..သူရှာဖွေလို့လည်းတွေ့ရောသူ့သူငယ်ချင်းကိုပြလိုက်တယ်..သူပြလိုက်တာကပုံလေးတွေဖြစ်တယ်..ပတ်ဆွန်းနယ်ရဲ့ရုပ်ကိုအသေအချာမြင်နေရတယ်..ဒါပေမဲ့ကောင်မလေးရဲ့မျက်နှာကဝါးနေတာကြောင့် ဘယ်သူမှန်းသူတို့မသိကြ။

ထိုကောင်လေးနှစ်ယောက်ဟာကော်ဖီဆိုင်လေးမှာပြောနေကြတာဖြစ်တယ်.. သူတို့ပြောနေတာကို တစ်ဖက်ဝိုင်းကကောင်မလေးတစ်ယောက်ဟာ..

" ဟိုလေ..ရှင်ရှာတွေ့ထားတဲ့သတင်းကိုဘယ်ကနေရှာရမလဲဟင်.."
ကောင်မလေးရဲ့အသံကြားရော ခေါင်းချင်းဆိုင်နေတဲ့ကောင်လေးနှစ်ယောက်ဟာ ကြားပြီးထိုကောင်မလေးကိုပြိုင်တူကြည့်လိုက်ကြတယ်..ကောင်မလေးဟာချစ်စရာကောင်းနေတာကြောင့် သူတို့သဘောကျသွားခဲ့..ကောင်လေးနှစ်ယောက်ထဲကပထမစပြောတဲ့တစ်ယောက်ဟာ...

" မင်းတို့ရှာစရာမလိုဘူးအကိုအားလုံးပြောပြလို့ရတယ်..အကိုသိထားတာတွေကလိုင်းပေါ်ကထက်တောင်စုံတယ်.."

" ဟုတ်တယ်ဟုတ်တယ်..ဒီကောင်ကစပ်စုတက်တဲ့ကောင်..သူသိထားတာတွေကစုံနေတာပဲ အများစုကအမှန်တွေပဲသိလား ညီမလေး.."

" ဒါဆိုရင်အကိုတို့ညီမတို့ဝိုင်းဘက်လာခဲ့ပါလား.."

" ကောင်းပြီ.."
မိန်းမချောလေးစကားကိုလည်းကြားရော ချက်ချင်းကိုသူတို့ရဲ့ ကော်ဖီခွက်တွေကိုကိုင်ပြီးခုံပြောင်းတော့တယ်..ကောင်မလေးတို့ကစုစုပေါင်းသုံးယောက်ဖြစ်တယ်..အချင်းချင်းမိတ်လည်းဆက်ပြီးရော သူတို့ကိုခေါ်လိုက်တဲ့ကောင်မလေးဟာ..

villain boss(s-3)Where stories live. Discover now