Arc-2.10

1K 120 20
                                    

ရှောင်ပိုင်နဲ့စကားပြောနေတဲ့အတော်အတွင်း ဘာမှတော့ဖြစ်မသွားခဲ့။ ပတ်ဆွန်းနယ်ဒဏ်ရာရသွားတဲ့ပါးကို ဂရုစိုက်ပေးနေတာကလွဲရင်ပေါ့။ အဲ့အချိန်တစ်ချိန်လုံးငြိမ်နေတဲ့ ဂန်ဟာရမ်ရဲ့အဖေဟာ..

" အဖေ့မှာနည်းလမ်းတစ်ခုရှိတယ်..အဲ့နည်းလမ်းကဟန်မြောင်ဂမ်ရဲ့အမွေတွေအကုန်လုံးရနိုင်တယ်.."

" ဘာနည်းလမ်းလည်းအဖေ.."

" သေတန်းစာအတုလုပ်တာ.."

" သေတန်းစာအတု..."

" သေတန်းစာအတုလုပ်ပြီးရင်ဟန်မြောင်ဂမ်ကို လက်မှတ်ထိုးခိုင်းရမယ်..သူလက်မှတ်မထိုးချင်ရင်တောင် လက်ပွေရာရှိရင်ရပြီ ပြီးရင်တော့သူ့ကိုသတ်ကြမယ်.."

" ဒါပေမဲ့အဖေ ကျွန်တော်တို့ထောင်ထဲရောက်သွားရင်ရော..."

" ဟားဟား..သားရယ်ဘာတွေကြောက်နေတာလည်း ထောင်ထဲရောက်ရင်အလွန်ဆုံးတစ်လနှစ်လပေါ့..တရားသူကြီးကိုလာဘ်ထိုးလို့ရတယ်လေ ငွေရှိရင်အားလုံးအဆင်ပြေပြီ.."

" အဖေပြောတာမှန်သားပဲ ကျွန်တော်တို့အခုချက်ချင်းစာရွက်စာတန်းသွားလုပ်လိုက်အုန်းမယ်.."

" သွားသွား..အဖေသူ့ကိုစောင့်ကြည့်ထားလိုက်မယ်.."

ဇာတ်လိုက်တို့နှစ်ယောက်သူတို့အဖေကိုနှုတ်ဆက်ပြီး ထွက်သွားတော့သည်။ သူတို့နှစ်ယောက်ရဲ့မျက်ဝန်းထဲမှာ လောဘတွေတောက်လောင်နေသည်။ ဂန်ဟာရမ်အဖေကတော့ ဟန်မြောင်ဂမ်ကိုစိုက်ကြည့်နေခဲ့တယ်..

* မင်းအမေကငါတို့နှစ်ယောက်ကိုခွဲခဲ့တယ်..မင်းအမေမင်းအတွက်ထားခဲ့တဲ့အမွေတွေကို ငါအကုန်ယူပြမယ်..ပြီးရင်မင်းအမေနဲ့မင်းတွေ့နိုင်အောင်ငါလုပ်ပေးမယ်..ဒါတွေကမင်းအမှားမဟုတ်ပေမဲ့ မင်းအမေရဲ့အမှားတွေကိုမင်းခံစားလိုက်...*

ဟန်မြောင်ဂမ်ဟာသူ့ကိုသတ်ဖြတ်ချင်တဲ့အကြည့်တွေနဲ့ ကြည့်နေတဲ့ဂန်ဟာရမ်ရဲ့အဖေကို ဂရုမစိုက်အား...အခုထိလဲကျနေပြီးမျက်နှာဖြူဖော့ဖြူရော့ဖြစ်နေတဲ့ ရှောင်ပိုင်ကိုစိုးရိမ်စွာနဲ့သာကြည့်နေခဲ့တယ်..သူဘာဖြစ်တာလည်းဆိုပြီးမေးပေမဲ့ရှောင်ပိုင်ကတော့ ပြန်မဖြေ။ တကယ်တော့ရှောင်ပိုင်အပြစ်ပေးခံရတာဖြစ်တယ်..

villain boss(s-3)Wo Geschichten leben. Entdecke jetzt