Arc-1.1

3.8K 233 25
                                    

( အပေါ်ကတစ်ယောက်က ကိုယ့်ရဲ့သဲလေးအိုမန်ဆိုးပါ )

' host ပထမကမ်ဘာကနေကြိုဆိုပါတယ်..'

တရုတ်ရှေးခေတ်ဝတ်စုံအဖြူနဲ့အပြာလေးကိုရောဆက် ဝတ်ဆင်ထားသော်ကောင်ချောလေးဟာ သူ့အရှေ့က လူတစ်​ယောက်ကိုကြည့်ပြီး စကားစ​ပြောလိုက်သည်။ ထိုကောင်ချောလေးရဲ့အရှေ့ကတစ်ယောက်ကတော့ သူ့ခေါင်းကိုသူပြန်ကိုင်ရင်း ဘေးဘီကိုလိုက်ကြည့်နေတော့သည်။

ထိုကောင်လေးသိလိုက်တာဟာ သူပထမဦးဆုံးတာဝန်ထမ်းဆောင်ရမဲ့ ကမ်ဘာကိုရောက်နေပြီဆိုတာကိုပေါ့။ သူ့အနီးအနားမှာရှိတဲ့ခုံဆီကို ဖြေးဖြေးချင်းဆီလျှောက်သွားပြီး ထိုင်နေလိုက်တယ်..နာကျင်နေတဲ့အရှိန်ပျောက်သွားအောင်တိတ်တဆိတ် ထိုင်နေတာဖြစ်တယ်...ထိုသူရှေ့မှာရှိတဲ့ကောင်ချောလေးဟာ တိတ်တဆိတ်နဲ့သာနေနေပေးလေသည်။

တခနအကြာမှာတော့ ထိုကောင်လေးအဆင်ပြေသွားခဲ့တယ်..သူ့အရှေ့မှာရပ်နေတဲ့ကောင်ချောလေးကို..

" ငါဘာလို့ခေါင်းအဲ့လောက်တောင် မူးသွားရတာလည်း.."

' ပထမဦးဆုံးကူးပြောင်းတဲ့အချိန်မလို့ နာကျင်နေတာ နောက်ပိုင်းဆိုရင်နေသားကျသွားလိမ်မယ်..'

" အော်...ပြီးရောလေ ဒါနဲ့မင်းနာမည်က??..."

' ကျွန်တော်နာမည်ကရှောင်ပိုင်ပါ ရှောင်ပိုင်လို့ခေါ်လို့ရပါတယ်..ဒါနဲ့host ကိုကျွန်တော်ပြောအုန်းမယ်..'

" ငါ့ကို host လို့မခေါ်နဲ့နားထောင်ရတာတစ်မျိုးကြီးပဲ ဒီတိုင်းbossလို့ပဲခေါ်ပေး..."

'.....'
အတိတ်ကသာမေ့နေတာ နေသားကျနေတဲ့နာမည်ကိုတော့မှတ်မိနေတယ်ဟ

" ရှောင်ပိုင်တစ်ခုခုဖြစ်လို့လား..."

' အဟန့်...ဘာမှမဖြစ်ဘူး ကျွန်တော်အခုကစပြီး boss လို့ပဲခေါ်မယ်..ကျွန်တော်နဲ့ပြောမယ်ဆိုရင်စိတ်ချင်းဆက်သွယ်ပြီး ပြောလို့ရတယ်သိလားအပြင်မှာမပြောနဲ့.. '

" အင်း..ငါသိပြီ ဒါနဲ့အခုဘာအခြေအနေလည်းဆိုတာ မရှင်းပြချင်..."

ဒုန်း....

တံခါးအကြမ်းပတန်းဖွင့်လိုက်တာကြောင့် စကားပြောနေခဲ့တဲ့တစ်ယောက် လန့်သွားပြီးထဆဲမတက်ဖြစ်သွားတယ်..သူ့ကိုဘယ်သူထိန်းလန့်အောင်လုပ်လိုက်လည်း သိချင်တာကြောင့်တံခါးဖွင့်လိုက်တဲ့သူကို လှည့်ကြည့်လိုက်တယ်..သူထင်ထားတာဟာကောင်လေးတစ်ယောက်လို့သာ သူထင်ထားခဲ့တယ်..ဒါပေမဲ့တကယ်ဖွင့်လိုက်တဲ့သူကတော့ ကောင်မလေးတစ်ယောက်သာဖြစ်နေခဲ့တယ်..

villain boss(s-3)Where stories live. Discover now