Arc-1.6

1.7K 167 22
                                    


' ဟိတ်ကောင်ရှောင်ကျန့်..'
ရှောင်ပိုင်ဒေါသတကြီးပြောရင်းနဲ့ ရှောင်ကျန့်နားမှာထိုင်နေလိုက်တယ်..တစ်ယောက်ထဲလွတ်အောင်ပြေးသွားတဲ့ရှောင်ကျန့်ကို ဒေါသထွက်တဲ့အကြည့်ဖြင့်စိုက်ကြည့်နေလေတယ်..

' အိုး..ရှောင်ပိုင်မင်းမသေသေးဘူးပဲ ဂုဏ်ယူပါတယ်ဂုဏ်ယူပါတယ်..'

' ယီးကိုဂုဏ်ယူ ငါ့ကိုတစ်ယောက်ထဲပစ်ထားခဲ့ပြီး မင်းကရှောင်ပြေးတယ်ပေါ့ တော်တော်ကောင်းတဲ့သူငယ်ချင်း..'

' ရှောင်ပိုင်ရာမင်းဒီလိုမျိုး ကိစ္စလွယ်လွယ်လေးကိုဖြေရှင်းနိုင်တယ်ဆိုတာ သိလို့ငါပြေးလာတာပါကွာ အခုကြည့်လေမင်းကညဏ်ကောင်းတော့ ချက်ချင်းကိုလွတ်သွားတယ်မဟုတ်ဘူးလား...'

' အဟန့် သေချာတာပေါ့ငါလေးညဏ်ကောင်းလွန်းလို့ boss ကိုအရူးလုပ်နိုင်သွားတာ..'
ခုနကလိုဒေါသထွက်တဲ့အရိပ်အယောင်မရှိတော့ပေ။ ရှောင်ကျန့်ကလည်းဒါကိုသိတာကြောင့် ထက်ပြီးမြှောက်ပေးလိုက်တယ်..

' မင်းကညဏ်အရမ်းကောင်းတော့ ယန်ဆီကလွတ်သွားပြီလေ မဟုတ်ဘူးလား...'

' အမှန်ပဲလေ..'

'....'
ရှောင်ကျန့်ဟာအပြင်ပိုင်းမှာတော့ တည်ငြိမ်နေပေမဲ့စိတ်ထဲမှာကြိတ်ရယ်နေသည်။

' ငါလာရင်း ကိစ္စကိုမေ့တော့မလို့.. '

' ဘာကိစ္စလည်း..'

' ဘာကိစ္စဖြစ်ရမှာလည်းငါမလာတုန်းကလေ ဇာတ်လိုက်/-#&-*.....'
ရှောင်ပိုင်ဟာသူခုနကမြင်လိုက်ရတာတွေ အကုန်လုံးကိုတစ်ခုမကျန်ပြန်ပြောပြတော့သည်။

%%%

လွန်ခဲ့သော်တစ်နာရီကရှောင်ပိုင်ဟာ သူ့bossဆီကနေပြန်လာပြီး ရှောင်ကျန့်ဆီကိုသွားကာ..

' ရှောင်ကျန့်ရေ.. ရှောင်ကျန့်...'

' ဘာတွေအော်နေတာလည်း ရှောင်ပိုင်...'
ဆိုပြီးအခန်းထဲကနေထွက်လာခဲ့တယ်..

' လာလာ..မြန်မြန်ငါ့နောက်လိုက်ခဲ့..'

' ဘာဖြစ်လို့လည်း...'

' စကားအပိုတွေပြောမနေနဲ့ မင်းလိုက်လာရင်သိလိမ်မယ်..'
ဒီလိုနဲ့ရှောင်ကျန့်လည်းဘာမှမမေးတော့ပဲ ရှောင်ပိုင်နောက်ကိုသာလိုက်သွားတော့သည်။ ညနတ်ဘုရားဝမ်ရိပေါ်ကတော့အစည်းအဝေးရှိတာကြောင့် ရှောင်ကျန့်နားမှာမရှိပေ။ အဲ့အတွက်ကြောင့်ရှောင်ကျန့်အေးအေးဆေးဆေးနားနေတာဖြစ်သည်။ ဝမ်ရိပေါ်အစည်းအဝေးကိုသွားနေပေမဲ့လည်း သူ့စိတ်ကတော့ရှောင်ကျန့်ဆီကိုရောက်နေသည်။

villain boss(s-3)Where stories live. Discover now