Arc-1.5

1.8K 192 30
                                    


( အပေါ်ကတစ်ယောက်က အစပိုင်းမှာပါလာတဲ့ ယူဘင်း)

အိုမန်ဆိုးသူ့ကားပေါ်ကဆင်းတာနဲ့ သူ့ကိုထိုင်စောင့်နေသော် မြောင်ဟီးဒုံးကိုတွေ့လိုက်ရသည်။ ပေကျန်နေတဲ့အဝတ်စားတွေကိုတောင် သူမလဲထားတာကိုတွေ့လိုက်ရသည်။ မြောင်ဟီးဒုံးဟာအိုမန်ဆိုးကိုတွေ့တာနဲ့ ချက်ချင်းပြေးသွားပြီး ဘေးနားမှာရပ်နေတော့သည်။

" မင်းရေမိုးချိုးပြီးငါ့အခန်းထဲလာခဲ့.."
ထိုစကားတစ်ခွန်းသာပြောပြီး အိုမန်ဆိုးသူဝယ်လာတဲ့အိတ်ကိုကိုင်ကာ အထဲဝင်သွားတော့သည်။ မြောင်ဟီးဒုံးကလည်းချက်ချင်းသူ့အခန်းထဲ​ပြေးသွားကာ ရေသွားချိုးတော့သည်။ အခန်းထဲမှာတော့အိုမန်ဆိုးဟာသူဝယ်လာတဲ့ ပစ္စည်းကိုထုတ်နေလေတယ်..ရှောင်ပိုင်ကလည်းဘေးနားကနေ ဘာများလည်းဆိုပြီးကြည့်နေတော့တယ်..

ရှောင်ပိုင်ထင်တဲ့အတိုင်း အိုမန််ဆိုးဝယ်လာတာဟာ ခွေးလည်ပတ်လေးဖြစ်သည်။ ရှောင်ပိုင်ဟာတအံတသြနဲ့..

' boss တကယ်ကြီးအဲ့ဒါမြောင်ဟီးဒုံးအတွက်လား..'

" ဟုတ်တယ်လေ..အိမ်မှာခွေးဆိုလို့သူပဲရှိတယ်လေ.."

' ဒါပေမဲ့သူကလူလေ..'

" ငါ့အတွက်တော့ခွေးလေးတစ်ကောင်ပဲ..ကဲရှောင်ပိုင်မင်းရှောင်ပေးတော့.."

' ဘာလို့ကျွန်တော်ကရှောင်ပေးရမှာလည်း..'

" ဘာလို့လည်းဆိုတော့ငါကစားမလို့ အနှောက်ယှက်တွေမလိုချင်ဘူး .."

'.....'

" သွား..သွား..."

' ယီးလား..'
လို့ပြောပြီးလက်ခလယ်ထောင်ပြပြီး ထိုနေရာကနေပျောက်သွားတော့သည်။ ရှောင်ပိုင်ပျောက်သွားတာနဲ့ မြောင်ဟီးဒုံးဟာခွေးလည်ပတ်လေးကိုကိုင်ပြီး ဟိုတစ်​ယောက်လာမဲ့အချိန်ကိုစောင့်နေတော့သည်။

၁၅ မိနစ်ကြာရောအိုမန်ဆိုးတံခါးခေါက်သံကြားရလိုက်ရသည်။ မြောင်ဟီးဒုံးရောက်လာပြီဆိုတာသိလိုက်တာကြောင့် သူကိုယ်တိုင်တံခါးသွားဖွင့်ခဲ့တယ်..သူဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နှာခေါင်းသွေးတောင်လျှံချင်လာမိတယ်..ဘာလို့လည်းဆိုတော့မြောင်ဟီးဒုံးဟာ တီရှပ်အမဲရောင်လေးကိုဝတ်ဆင်ထားတာကြောင့်ပေါ့။ လက်ရှည်ကိုအပေါ်သို့ခေါက်တင်ထားတဲ့အပြင် ရင်ဘက်ကကြယ်စိကိုအကုန်မတက်ထားပဲ အောက်နားကသုံးခုလောက်လေးကိုသာတက်ထားတာကြောင့် အပေါ်၌အသားတုန်းလေးများပေါ်နေလေသည်။

villain boss(s-3)Where stories live. Discover now