Arc-3.5

1K 108 17
                                    

ရှောင်ပိုင်စောင့်မျှော်နေတဲ့အချိန်ကိုရောက်ရှိလာခဲ့တယ်..ယန်ပြောတဲ့အတိုင်းဇာတ်လိုက်ထွက်ပြေးသွားခဲ့။ ဇာတ်လိုက်ဦးလေးဟာအစထဲက ဇာတ်လိုက်ကိုပို့ဖို့လုပ်နေတာဖြစ်တယ်..ဇာတ်လိုက်ဟာအသေရုန်းကယ်ပြီးထွက်ပြေးခဲ့တယ်..ဇာတ်လိုက်ဆိုတဲ့အရှိန်အဝါကြောင့်သူထွက်ပြေး လွှတ်မြောက်ခဲ့တယ်..

ဇာတ်လိုက်ထွက်ပြေးနိုင်သွားတဲ့အတွက်ကြောင့် ဇာတ်လိုက်ဦးလေးခေါင်းမီးတောက်နေတော့တယ်..သူနောက်တစ်ယောက်ရှာနိုင်တဲ့အချိန်မှာပဲ ယန်ဟာသူတို့ဆီရောက်လာခဲ့တယ်..ချက်ချင်းကြက်သေသေသွားခဲ့တယ်..အခုဆိုရင်ယန်ရယ် ဇာတ်လိုက်ဦးလေးတို့ရဲ့မိသားစုသုံးယောက်သာရှိတော့သည်။ ကျန်တဲ့အစေခံတွေဟာရှောင်ပိုင်ရဲ့ အိပ်ဆေးငွေ့ကြောင့်​အိပ်ပျော်နေကြသည်။

ဇာတ်လိုက်ဦးလေးကတော့ယန်ကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေတဲ့အချိန် ကျန်တဲ့သားအမိနှစ်ယော​က်ကတော့ ဘာတွေဖြစ်နေမှန်းနားမလည်ကြပေ။

" ညရောက်တာနဲ့ ခေါ်လာဖို့ ပြောခဲ့တယ်နော်.."

" ကျွန်တော်အခုချက်ချင်းပဲခေါ်လာတော့မလို့ပါ..ဒီမှာဒီကောင်လေးပဲ.."
အသံတုန်ရီစွာနဲ့ပြောပြီးသူ့ဘေးနားမှာ အိပ်နေသော်ကောင်လေးကိုလက်ညိုး ထိုးပြလိုက်တယ်..

" ငါကအချိန်မမှန်တဲ့သူတွေကိုအမုန်းဆုံး.."

' သောက်ပိုတွေတမင်သတ်သတ်ဒီလိုလုပ်ချင်လို့ စောင့်နေပြီတော့.. '

' တိတ်စမ်း fa '

' လီး..သူ့စောက်ပူပါတာကျလို့.. '

'....'

" ကျေးဇူးပြုပြီးအခွင့်အရေးလေးပေးပါ..တစ်..တစ်ခါလေးပါပဲ.."

" ဟန့်.."
ယန်ခနဲ့တဲ့အပြုံးတစ်ပွင့်ကိုပန်ဆင်ပြီး ညာဘက်လက်တစ်ခြားကိုမြှောက်လိုက်တယ်..ယန်ထိုသို့လည်းလုပ်ရောဇာတ်လိုက်ဦးလေးဟာ ညနေကအဖြစ်အပျက်ကိုသတိရသွားပြီး သူ့မိန်းမနဲ့သမီးကိုဆွဲခေါ်ကာထွက်ပြေးဖို့လုပ်တယ်.. ယန်ဟာထွက်မပြေးနိုင်အောင် ထိုသူရဲ့ကိုယ်ကိုအေးခဲစေလိုက်တယ်..သူ့အရှေ့မှာတင်သူ့သမီးနဲ့မိန်းမကိုယန်ဒဏ်ရာရအောင်လုပ်လိုက်တယ်..

villain boss(s-3)Where stories live. Discover now