Arc-4.4

907 92 21
                                    

( အပေါ်ကတစ်ယောက်က ယွီဇီရွှင်းပါ)

ကျန်းလီခန့်ကိုအဝေးကနေကြည့်နေတဲ့နှစ်ယောက်ဟာ ပထမဇာတ်လိုက်ကျားဟုန်ချီးနဲ့ ဒုတိယဇာတ်လိုက်ယွီဇီရွှင်းတို့သာဖြစ်သည်။ သူတို့နှစ်ယောက်ဟာသူငယ်ချင်းအရင်းများသာဖြစ်ကြတယ်..သို့ပေမဲ့ယွီဇီရွှင်းဟာကျားဟုန်ချီရဲ့နောက်ခံကို မသိသေးပေ။

" ဟုန်ချီး ငါကြားထားတဲ့သတင်းဟာအမှန်ပဲလား.."

" အမှန်ပဲ.."

" ဒါဆိုရင်အရင်ကိစ္စတွေက ကျန်းလီခန့်တစ်ခုမှမလုပ်ထားဘူးပေါ့.."

" အင်း...ဖြစ်နိုင်လောက်တယ်.."

" ငါအစကကျန်းလီခန့်ကိုရန်ဖြစ်လို့ရော ဆိုးလို့ရောငါကြည့်မရတာ..အခုတော့အဲ့ဒါတွေအကုန်လုံးကသူ့သူငယ်ချင်းရဲ့ စနိုက်တွေကို..အာ..ငါတစ်ခုမေ့နေတာပဲ ကျန်းလီခန့်ကမင်းကိုကြိုက်နေတာမှတ်လား.."

" ငါမသိဘူး.."

" မင်းဘာလို့မသိရမှာလည်း သူရဲ့ပုံစံတွေကသိသာနေတာကို.."

" ..... "
ကျားဟုန်ချီဟာသူ့ကိုကျန်းလီခန့်ကြိုက်နေတယ်လို့တော့ မထင်တော့ပေ။ အရင်ကဆိုရင်တော့သူ့ကိုကြိုက်နေတာလို့ ထင်ခဲ့သေးတယ်..ဒါပေမဲ့မနက်ကအကြည့်တွေအပြုအမူတွေကြောင့် သူ့ကိုကျန်းလီခန့်မကြိုက်ဘူးဆိုတာ သူသေချာသိနိုင်တယ်..

ယွီဇီရွှင်းဟာတိတ်သွားတဲ့သူ့သူငယ်ချင်းကို...
" ဘာဖြစ်လို့လည်း.."

" ငါအသေအချာပြောနိုင်တယ်..အခုငါတို့မြင်နေရတဲ့ကျန်းလီခန့်က အရင်ကငါတိို့သိတဲ့ကျန်းလီခန့်မဟုတ်တော့ဘူး.."

" မင်းဘာဖြစ်လို့အဲ့လောက်တောင်သေချာနေရတာလည်း.."

" ငါ့မသိစိတ်ထဲကအလိုလိုသိနေတယ်.."

"...."
ယွီဇီရွှင်းကတော့မယုံပေ။ ကျန်းလီခန့်အရင်ကဆိုရင် ကျားဟုန်ချီကိုလိုက်ဖို့သူ့ဆီကိုခဏခဏလာပြီး အကူညီတောင်းနေကျဖြစ်တာကြောင့် ကျန်းလီခန့်မကြိုက်တော့ဘူးဆိုတာမယုံနိုင်ပေ။ ဒါပေမဲ့သေချာလှတဲ့လေသံနဲ့ သူ့သူငယ်ချင်းပြောလာတာကြောင့် ဘာမှဆက်မပြောပဲတိတ်နေလိုက်တယ်...နောက်မှကျန်းလီခန့်ကိုကိုယ်တိုင်မေးတော့မယ်လို့ စဥ်းစားထားလိုက်တယ်..

villain boss(s-3)Where stories live. Discover now