Arc-3.11(end)

1K 99 30
                                    

ယန်နိုးလာတဲ့အချိန်ဟာနေ့ခင်းဖြစ်နေတာကြောင့် ချောင်ဟိုင်နဲ့နေ့ခင်းစာကိုအတူတူစားဖြစ်ခဲ့တယ်..စားလည်းပြီးကြရောနှစ်ယောက်သားလမ်းလျှောက်ထွက်ခဲ့ကြ။ ယန်ဟာချောင်ဟိုင်ရဲ့လက်ကိုချိတ်ပြီး ချောင်ဟိုင်ရဲ့ဘယ်ဘက်ပုခုံးပေါ်ကိုခေါင်းလေးတင်ရင်း လမ်းလျှောက်နေခဲ့တယ်...ချောင်ဟိုင်ကတော့ယန်ရဲ့ခါးကိုဘယ်ဘက်လက်ကကိုင်ထားလေသည်။ နှစ်ယောက်သားထိုပုံစံနဲ့အဆောင်အနားမှာလမ်းလျှောက်နေခဲ့တယ်..

ချောင်ဟိုင်ဟာသူ့သခင်လေးညနေကျရင်လာမှာကို သတိရသွားတာကြောင့်..

" ယန်...ညနေကျရင်ကိုယ့်ရဲ့သခင်လေးမင်းဆီလာလိမ်မယ်.."

" ဘာကိစ္စဖြစ်ရှိလို့လည်း.."

" သခင်လေးကြိုက်နေတဲ့သူရှိတယ်..အဲ့တစ်ယောက်ကလင်းချန်ပဲ.."

" ဘာတကယ်ကြီး.."
ယန်သိနေပေမဲ့လည်းအခုမှစသိတဲ့လူလိုမျိုး အံသြပြလိုက်သည်။

" ဟုတ်တယ်..လင်းချန်အကြောင်းသိချင်လို့ယန်ကိုဒီနေ့ညနေလာတွေ့ပြီးလင်းချန်အကြောင်းမေးလိမ်မယ်..ယန်အဆင်မပြေရင်ကိုယ်နှင်ထုတ်လို​က်မယ်.."

" ရတယ်..မလိုဘူးငါအဆင်ပြေတယ်.."
ကိုယ့်ရဲ့သခင်ကိုပြန်နှင်ထုတ်ရဲတဲ့ သူဒီကမ်ဘာပေါ်မှာရှိတာပဲ...

နှစ်ယောက်သားဘာမှဆက်မပြောကြတော့ပဲ လမ်းသာလျှောက်နေခဲ့ကြတယ်..ချောင်ဟိုင်ပြောတဲ့အတိုင်းပဲ ညနေလည်းရောက်ရောဖုန်းကူချီရောက်လာခဲ့တယ်..ဖုန်းကူချီဟာယန်ကိုလည်းတွေ့ရော အရင်မိတ်ဆက်ခဲ့တယ်..

" တွေ့ရတာဝမ်းသာပါတယ်.. ကိုယ့်ရဲ့နာမည်ကဖုန်းကူချီ.."

" ကျွန်တော်နာမည်ကယန်ပါ.."

" သခင်လေးယန်ဘာလို့ကျွန်တော်သခင်လေးယန်ဆီလာလည်းဆိုတာ သိမယ်ထင်တယ်.."

" ကျွန်တော်ကိုသခင်လေးလို့ထည့်မခေါ်ပါနဲ့ဗျာ..ကျွန်တော်ကသခင်လေးတစ်ယောက်မဟုတ်ဘူး သာမန်လူတန်းစားလေးပါ..ဒီတိုင်းနာမည်ပဲခေါ်ပါ.."

" ဒါဆိုရင်ကောင်းပြီလေယန်လို့ပဲခေါ်ပါမယ်.."

" အဟန့်.."

villain boss(s-3)Dove le storie prendono vita. Scoprilo ora