Arc-6.10

516 49 18
                                    

ရှန်မုန်ရှီးနဲ့ဝမ်ချီတို့ဟာဒီကနေ့ နားရက်လေးရတာကြောင့် အပြင်မသွားကြပဲအိမ်ထဲမှာသာ အကျိုးရှိအောင်နေခဲ့ကြတယ်..မနက်စောစောမိုကျားဝမ်ကိုပြင်ဆင်ပေးပြီးတာနဲ့ နှစ်ယောက်သားပြန်အိပ်ခဲ့။ နေ့ခင်းလောက်မှသာနှစ်ယောက်သားနိုးလာခဲ့တယ်..နေ့ခင်းစာကိုအတူတူစားပြီးတဲ့အခါလည်း ဂိမ်းကိုအတူတူဆော့ကြ။

တစ်နေ့လုံးအိမ်ထဲမှာသာအကျိုးရှိစွာ နေခဲ့ကြတယ်..ယခုတော့ဝင်ပေါက်တံခါးကိုအတူတူထိုင်ကြည့်နေကြတယ်..သူတို့ဟာမိုကျားဝမ်ကိုထိုင်စောင့်နေတာဆိုရင်လည်းမမှားပေ။ ဝမ်ချီဟာထိုင်စောင့်ရင်းပျင်းလာတာကြောင့်...

" အကိုရှန် ကျွန်တော်တို့ကိုကူညီပေးနေတဲ့သူက ဘယ်သူဖြစ်မလဲ..."

" အကိုမိုပြန်လာရင်ငါတို့သိရပြီ..."

" တော်တော်လေးနောက်ကျနေပြီ ဘာလို့အကိုမိုပြန်....ဒုန်း..."
ဝမ်ချီစကားပြောနေတာတစ်ဝက်တစ်ပျက်နဲ့ရပ်သွားခဲ့။ ဘာလို့ရပ်သွားတာလည်းဆိုတော့ တံခါးကိုအကြမ်းပတမ်းဖွင့်လိုက်တဲ့သူကြောင့်ပေါ့။

ထိုသူကတော့မိုကျားဝမ်သာဖြစ်သည်။ မိုကျားဝမ်ဟာ သူ့ကိုစောင့်နေတဲ့သူနှစ်ယောက်ကိုစကားမပြောနိုင်ပဲ ချက်ချင်းသူ့အခန်းထဲပြေးဝင်သွားခဲ့သည်။ သူ့လက်ထဲမှာရှိတဲ့ပန်းစည်းကိုတော့ခုံပေါ်မှာ တင်ဖြစ်အောင်တင်လိုက်သေး။ ဝမ်ချီတို့ကတော့ဘာများဖြစ်တာလည်းလို့ စိုးရိမ်သွားပြီးအနောက်ကနေပြေးလိုက်သွား​တော့သည်။ မိုကျားဝမ်ဟာသူ့အခန်းထဲကအိမ်သာထဲကိုပြေးဝင်သွားတာဖြစ်တယ်..

ရှန်မုန်ရှီးနဲ့ဝမ်ချီတို့ကတော့ တံခါးရဲ့အပြင်မှာရပ်စောင့်နေကြတယ်..ခဏနေတော့အိမ်သာထဲကနေ အားအင်မရှိတော့သလိုဖြစ်နေတဲ့ မိုကျားဝမ်ထွက်လာခဲ့တယ်..မိုကျားဝမ်ပုံစံဟာလေတိုက်ရင် လဲကျသွားနိုင်တဲ့ပုံပေါ်သည်။ ရှန်မုန်ရှီးနဲ့ဝမ်ချီတို့ကတော့ လဲကျမှာဆိုးလို့ဆွဲကိုင်ထားပေးကြတယ်..မိုကျားဝမ်သက်တောင့်သက်သာနေလို့ရအောင် ကုတင်ပေါ်ကိုတင်ပေးလိုက်ကြတယ်..

မိုကျားဝမ်ဟာသူတို့နှစ်ယောက်ရဲ့အကူအညီကြောင့် ကုတင်ပေါ်ကိုရောက်သွားခဲ့။ ဝမ်ချီဟာမိုကျားဝမ်သက်သောင့်သက်သာနေလို့ရအောင် ခေါင်းအုန်းကိုနံရံနားမှာထားလိုက်တယ်...မိုကျားဝမ်လည်းနေရတာအဆင်ပြေသွားခဲ့။ ရှန်မုန်ရှီးကတော့ဆေးသေတ္တာကိုယူလာကာ မိုကျားဝမ်ကိုဘာဖြစ်တာလည်းမေးတော့သည်။ မိုကျားဝမ်ကတော့အစားများသွားတဲ့အကြောင်းပြောလိုက်ရော ရှန်မုန်ရှီးချက်ချင်း ဆေးတစ်လုံးကိုထုတ်လိုက်ပြီးမိုကျားဝမ်ကိုတိုက်လိုက်တော့သည်။

villain boss(s-3)Where stories live. Discover now