Arc6.8

567 58 11
                                    

မိုကျားဝမ်ရဲ့စကားတွေဟာကြားရတဲ့သူတိုင်း သွေးခဲသွားစေတယ်..ဝမ်းနည်းမိတဲ့စိတ်တွေလည်းပေါ်ပေါက်လာခဲ့ကြတယ်..တစ်ချို့ဆိုရင်ကြက်သိမ်းတောင်ထမိကြသေး။ တိုက်ရိုက်ကြည့်နေတဲ့သူတွေထဲမှာ တစ်ချို့ဆိုရင်ငိုတောင်ငိုမိကြတယ်..ဘာလို့လည်းဆိုတော့သူတို့အရင်က လုပ်မိခဲ့တဲ့အမှားတွေကိုပြန်သတိရသွားတဲ့အတွက်ကြောင့်ပေါ့။ မိုကျားဝမ်ဟာသတင်းထောက်တွေဘက်နဲ့ သူ့ကိုရိုက်နေတဲ့ကင်မရာသမားတွေကိုလက်ညိုးထိုးပြီး...

" ခင်ဗျားတို့တွေအခုကျွန်တော်ကိုခိုးယူတဲ့သူလို့ ထင်ကြမယ်မှတ်လား..ခင်ဗျားတို့ဘယ်လိုထင်ထင်ကျွန်တော်စောက်ဂရုမစိုက်ဘူး..ကျွန်တော်ရေးသမျှသီချင်းတွေကကျွန်တော်စိတ်အသေနှစ်ပြီး ဖန်တီးခဲ့တဲ့အရာတွေပဲ..ဒီမှာခင်ဗျားတို့စောက်ထင်ကြီးနေတဲ့ဒီဆရာကြီးဆိုတဲ့သူ..."
လို့ပြောရင်းဆရာကြီးကိုလက်ညိုးထိုးကာ ဆက်ပြီး..

" သူကသာကျွန်တော်ရဲ့သီချင်းကိုခိုးယူထားခဲ့တဲ့သူ..သူကမှသူခိုးဗျ...ခင်ဗျားတို့ကဘာမှမသိပဲတက်သစ်စဖြစ်တဲ့ကျွန်တော်ကို သူခိုးလို့စွပ်စွဲတယ်...တကယ့်သူခိုးအစစ်ကိုကျတော့နတ်ဘုရားတစ်ပါးလို ပူဇော်ပသနေကြတယ်..ခင်ဗျားတို့စောက်ရမ်းအထင်ကြီးတဲ့ဆရာကြီးက ကျွန်တော်သီချင်းကိုပဲခိုးယူထားတာမဟုတ်ဘူးနော်..တခြားတက်သစ်စသမားလေးတွေဆီကလည်း ခိုးထားသေးတယ်..

သူ့ကြောင့်သေသွားရတဲ့သူတွေ သူ့ကြောင့်ဘဝပျက်သွားခဲ့ရတဲ့သူတွေ သူ့ကြောင့်ပျက်စီးသွားခဲ့ရတဲ့ တက်သစ်စလေးတွေမှအများကြီး..အဲ့ဒါကိုခင်ဗျားတို့ကမသိဘူး..ဘာမဟုတ်တဲ့အရာတွေကိုတော့ခင်ဗျားတို့က အလေးပေးနေကြတယ်..ဘာလည်းတက်သစ်စလေးတွေကဒီလောကထဲဝင်မလာသင့်ဘူးလား..ဒီလိုနေရာမျိုးကဝါရင့်တွေအတွက်ပဲလားဗျ..ပြောလေ..ဘာလို့စောက်ပါးစပ်တွေပိတ်သွားကြတာလည်း..ပြောကြလေ..."

မည်သူကမှမိုကျားဝမ်ကိုစကားမပြောရဲကျ။ ဘာလို့လည်းဆိုတော့မိုကျားဝမ်ရဲ့ စကားတွေကမှန်ကန်နေတာကြောင့်ဖြစ်သည်။ ဆရာကြီးဘက်ကသတင်းထောက်လေးကလည်း ဘာစကားဆက်ပြောရမလဲမသိဖြစ်သွားခဲ့တယ်..တရားသူကြီးမင်းကတော့တိတ်တဆိတ်နဲ့သာမိုကျားဝမ်ပြောတာကို နားထောင်နေခဲ့တယ်..

villain boss(s-3)Where stories live. Discover now