Arc-1.3

2K 190 21
                                    

( အပေါ်ကတစ်ယောက်ကတော့ မြောင်ဟီးဒုံးပါ🌚🌚 )


" ဒါဆိုရင်ဒီနေရာမှာဇာတ်လိုက်တို့နှစ်ယောက်တွေ့ကြမှာပေါ့.."

' ဟုတ်တယ် boss..'

" အော်.."

တောလယ်လောက်မှာရှိတဲ့သစ်ပင်ကြီးရဲ့အနောက်၌ လူနှစ်ယောက်ရှိလေသည်။ အတိအကျပြောရရင်တော့ လူတစ်ယောက်နဲ့နတ်သူငယ်လေးတစ်ဦးတို့ဖြစ်သည်။ ထိုသူနှစ်ယောက်ကတော့အိုမန်ဆိုးနဲ့ရှောင်ပိုင်တို့သာဖြစ်သည်။ သူတို့ထိုနေရာမှာလွန်ခဲ့တဲ့တစ်နာရီလောက်ကရှိနေတာဖြစ်တယ်..

ဘာကြောင့်လည်းဆိုတော့လွန်ခဲ့တဲ့တစ်ရက်လောက်က အိုမန်ဆိုးဟာဇာတ်လိုက်တို့နှစ်ယောက်ဆုံကြမဲ့နေရာကို သွားဖို့လုပ်ခဲ့တယ်..ရှောင်ပိုင်ဘာလို့သွားမှာလည်းမေးတော့ ပျင်းတယ်လို့သာဖြေခဲ့တယ်..သူတစ်ယောက်ထဲလိုအပ်တာတွေကိုယူဆောင်လာပြီး ဒီနေရာကိုအရောက်လာခြင်းဖြစ်သည်။

သက်တော်စောင့်တွေတစ်ယောက်တစ်လေကိုတောင် သူမခေါ်လာခဲ့။ အခုတော့ဇာတ်လိုက်တို့စုံစည်းကြမဲ့နေရာလေးမှာ မုန့်စားရင်းသူစောင့်နေခဲ့တယ်..ရှောင်ပိုင်ကလည်းသူ့bossစားတဲ့အတိုင်း စားနေတော့သည်။ ခဏအကြာမှာပဲအိုမန်ဆိုး ခြေသံတစ်သံကြားခဲ့တယ်..

အသံလာရာကိုသူလှည့်ကြည့်လိုက်တော့ သူကောင်ငယ်လေးတစ်ယောက်ကိုတွေ့လိုက်တော့သည်။ လက်ထဲ၌ဖုန်းမီးကိုထိုးပြီး သူတို့ရှိရာကိုလျှောက်လာခဲ့တယ်..ထိုအချိန်ရှောင်ပိုင်ဟာထိုသူကဘယ်သူလည်းဆိုတာကို ပြောပြလိုက်တယ်..အိုမန်ဆိုးလည်းရှောင်ပိုင်ပြောပြလို့ ထိုသူဘယ်သူလည်းဆိုတာကိုသိသွားခဲ့သည်။

ထိုသူကတော့ဇာတ်လိုက်(uke) ဟာဂျီဝန်သာဖြစ်သည်။ အိုမန်ဆိုးကတော့သစ်ပင်နောက်ကနေ ထိုတစ်ယောက်ကိုအကဲခတ်လေတယ်.. ရှောင်ပိုင်ကတော့မုန့်စားရင်းသူ့boss ဘာလုပ်မလဲဆိုတာစောင့်ကြည့်နေတော့သည်။ အိုမန်ဆိုးဟာထိုကောင်လေးသူ့အနီးအနားကိုရောက်လာရော..

" မင်းဘယ်သူလည်း.."

" အား..."
အိုမန်ဆိုးရဲ့ရုတ်တရပ်မေးလိုက်တဲ့အသံကြောင့် ဟာဂျီဝန်လန့်သွားပြီးထအော်တော့တယ်..နောက်တော့ဟာဂျီဝန်ဟာအသံလာတဲ့သစ်ပင်နောက်ကို ကြောက်လန့်တကြားသွားကြည့်တော့သည်။ မုန့်တစ်ခုကိုကိုင်ပြီးသူ့ကိုကြည့်နေတဲ့ အိုမန်ဆိုးကိုဟာဂျီဝန်တွေ့သွားခဲ့သည်။

villain boss(s-3)Tempat cerita menjadi hidup. Temukan sekarang