Arc-3.8

992 106 47
                                    

ယန်မေ့နေတဲ့သူဟာရှောင်ပိုင်သာဖြစ်သည်။ ရှောင်ပိုင်ဟာရှောင်ကျန့်ဆီမှာရောက်နေပြီ သူ့ကိုသူ့bossခေါ်မှာကိုစောင့်နေတာဖြစ်တယ်..စောင့်နေတယ်ဆိုတာထက်ရှောင်ကျန့်နဲ့အလောင်းအစားလုပ်ထားတာဆိုရင် ပိုမှန်သည်။

ရှောင်ကျန့်ဟာယန်ကရှောင်ပိုင်ကိုသတိမရပဲလှမ်းမခေါ်ဘူး..ရှောင်ပိုင်ကတော့ယန်သူ့ကိုလှမ်းခေါ်မယ်ဆိုပြီး အလောင်းအစားပြန်လုပ်ခဲ့တယ်..ထိုအလောင်းအစားဟာမနက်ဖြန်အထိသာခံသည်။

" ချောင်ဟိုင်မင်းမနေ့ညကခေါ်လာတဲ့ မိန်းမပျိုလေးကဘယ်သူလည်း..."

" မသိဘူး..."

" မင်းမသိဘူးဆိုရင်ဘာလို့ ကူညီပေးလိုက်တာလည်း..."

" သနားလို့.."

"....."
နောက်ဆုံးတော့ချောင်ဟိုင်လည်းမိန်းကလေးတွေကိုသနားတက်လာပြီပဲ..အရင်ကဆိုရင်မိန်းမပျိုလေးတွေ ဒုက္ခရောက်နေတာကိုကူညီပေးဖို့နေနေသာ တစ်ချက်တောင်လှည့်မကြည့်တဲ့သူက သနားလို့တဲ့ကြည့်ရတာချောင်ဟိုင်လည်းအဲ့မိန်းမပျိုလေးကြောင့် ပြောင်းလဲသွားပြီပဲ..

ဖုန်းကူချီနဲ့ချောင်ဟိုင်တို့ဟာစားသောက်ဆိုင်ရဲ့ ဒုတိယအဆောင်ထက်၌လူသွားလာနေတာကို မြင်နေရတဲ့အခန်းထဲမှာ ရှိနေကြသည်။ ဖုန်းကူချီကတော့အေးအေးလူလူနဲ့ရေနွေးကြမ်းသောက်နေပြီး ချောင်ဟိုင်ကတော့မတ်တပ်ကြီးသာရပ်နေလေတယ်..ဖုန်းကူချီဟာဘာရယ်မဟုတ်သူ့အကြည့်တွေကို အောက်မှာသွားလာနေတဲ့လူတွေဆီအကြည့်ရောက်သွားခဲ့တယ်..အဲ့အချိန်မှာပဲသူ့အမြင်အာရုံထဲကို လူတစ်ယောက်ရဲ့ပုံရိပ်ဝင်လာခဲ့သည်။

ဖုန်းကူချီဟာထိုတစ်ယောက်ကိုသာကြည့်နေမိခဲ့တယ်..တခြားသူတွေနဲ့မတူပဲသူ့၌ အပြာနုရောင်နဲ့အစိမ်းရောင်ဆက်ထားသော် ဆံနွယ်လေးရှိတယ်..ဒါ့အပြင်ကလေးတစ်ယောက်လိုအပြစ်ကင်းစင်လှတဲ့ အပြုံးလေးဟာသူ့ရင်ကိုနွေးထွေးစေတယ်..သူ့ဘေးနားကလူနှစ်ယောက်ကိုစကား​ပြောနေတဲ့အချိန် ပေါ်ပေါ်လာတဲ့ပုလဲရောင်သွားလေးတွေကလည်း ချစ်ဖို့ကောင်းလှသည်။ ထိုကောင်လေးရဲ့အပြုံးကိုခဏခဏမြင်ချင်တဲ့စိတ်တွေလည်းပေါ်ပေါ်လာခဲ့။

villain boss(s-3)Where stories live. Discover now