Arc-6.5

504 69 20
                                    

မိုကျားဝမ်တို့စောင့်နေတဲ့နေ့လေးကို ရောက်ရှိလာခဲ့သည်။ ထိုနေ့ဟာသူတို့အပြင်တခြားသူတွေပါ စောင့်မျှော်နေကြတဲ့နေ့လေးဆိုရင်လည်းမမှား။ သတင်းထောက်များကလည်းတရားရုံးထဲမှာ နေရာအသစ်ယူထားကြသည်။ အရင်ကဆိုရင်သတင်းထောက်တွေဝင်ခွင့်မပြုပေမဲ့ ပြည်သူများအားလုံးကတရားသူကြီးမင်းကို ခွင့်တောင်းကြတာကြောင့်ခွင့်ပြုခဲ့တာဖြစ်သည်။

နာမည်ကြီးသီချင်းရေးဆရာကြီးရဲ့ ပရိသတ်များဟာတရားရုံးပြင်ပမှာ နေရာယူထားကြသည်။ စာသားတစ်ချို့ရေးထားတဲ့ ဆိုင်းဘုတ်များကိုလည်းကိုင်ဆိုင်ထားသည်။ ရေးထားတာတွေကဟာအလွန်များပြားလှတယ်...မိုကျားဝမ်ကိုအပြစ်မလျော့ပေးဖို့၊ မိုကျားဝမ်ကိုထောင်ထဲအရိုးစွေးသွားအောင် လုပ်ပေးဖို့၊ ဒီနေရာကထွက်သွားဖို့ရေးထားတဲ့ စာများဖြစ်သည်။

တစ်ချို့မြင်မကောင်းလှတဲ့စာများကိုရေးထားသည်။ ဆန္ဒပြနေတဲ့ပြည်သူလူထုကိုကင်မရာနဲ့လိုက်ရိုက်နေတဲ့သူတွေလည်းရှိသည်။ တစ်ချို့သူတွေဟာတိုက်ရိုက်ထုတ်လွှင့်နေကြတာဖြစ်သည်။ အရေးကြီးတဲ့သူတွေမည်သူမှမလာသေးပေမဲ့လည်း ပွဲကြီးပွဲကောင်းကိုမလွတ်ချင်တာကြောင့် တစ်ခါထဲတန်းရိုက်ထားတာဖြစ်တယ်..

တစ်ချို့တွေဟာTVကနေတစ်ဆင့်ကြည့်နေကြပြီး တစ်ချို့ကတော့လိုင်းပေါ်ကနေသာ ကြည့်နေကြသည်။ လူတော်တော်များများကလည်းဒီကိစ္စကိုအလွန်စိတ်ဝင်စားနေကြသည်။ တော်တော်များများဟာနာမည်ကြီးသီချင်းရေးဆရာဘက်ကိုသာ ပါကြတယ်...မိုကျားဝမ်ဘက်ကိုတော့မည်သူမှမပါကြ။ နောက်ဆုံးတော့အားလုံးစောင့်မျှော်နေကြတဲ့ အချိန်ကိုရောက်ရှိလာခဲ့တယ်..

9 နာရီထိုးဖို့10မိနစ်အလိုမှာ နာမည်ကြီးသီချင်းရေးဆရာကြီးရောက်ရှိလာခဲ့သည်။ ထိုသီချင်းရေးဆရာကြီးကိုနာမည်ပြောင်အနေနဲ့ ဆရာကြီးလို့သာခေါ်ကြသည်။ သူတစ်ယောက်ထဲမဟုတ် သူ့လက်အောက်ငယ်သားဖြစ်တဲ့သူနှစ်ယောက်လည်းပါသည်။ သူတို့ကားအပြင်နောက်ထက်တစ်စီးလည်းကပ်ပါလာခဲ့တယ်..နောက်တစ်စီးကတော့သူ့ရဲ့ရှေ့နေအတွက်တစ်စီးသာဖြစ်သည်။

villain boss(s-3)Where stories live. Discover now