Arc-8.5

251 20 10
                                    

ကျန်းကန်ရင်းအိပ်ဆောင်တော်မှာဖြစ်ပျက်သွားတာတွေကတော့ ယွမ်လိန်မိန်ဟာရီဝေဝေဖြစ်နေတဲ့ကျန်းကန်ရင်းကို ကုတင်ပေါ်မှာတင်လိုက်တယ်..တကယ်တော့ကျန်းကန်ရင်းဟာဘာမှမဖြစ်ပေ။ ရင်းကျန်လုပ်ခိုင်းတဲ့အတိုင်း ဆေးမိတဲ့ပုံစံဟန်ဆောင်နေတာဖြစ်တယ်..ရင်းကျန်ကသူ့ကိုယွမ်လိန်မိန်းအနားရောက်တာနဲ့ မေ့ချင်ယောင်ဆောင်ဖို့ပြောတာကြောင့် ကျန်းကန်ရင်းလည်းထိုအတိုင်းဟန်ဆောင်လိုက်တယ်..

ယွမ်လိန်မိန်ကတော့ကျန်းကန်ရင်းမေ့နေတယ်လို့ထင်နေတာကြောင့် သူ့အပေါ်ဝတ်စုံတစ်လွှာကိုချွတ်လိုက်ပြီးကျန်းကန်ရင်း ပေါ်ခွတက်လိုက်တယ်..ကျန်းကန်ရင်းဟာတွန်းဖယ်ချင်ပေမဲ့ရင်းကျန်ဒီအတိုင်းမနေဘူးဆိုတာ ယုံကြည်တာကြောင့်သည်းခံလိုက်တယ်..အဲ့အချိန်မှာပဲဓားတိုလေးတစ်ချောင်းဟာလေပေါ်ပျံဝဲလာပြီး ယွမ်လိန်မိန်ရှေ့ရောက်သွားခဲ့တယ်..

ယွမ်လိန်မိန်ဟာဓားကလေပေါ်ပျံဝဲနေပြီးသူ့ရှေ့ပေါ်လာတာကြောင့် လန့်သွားခဲ့။ တကယ်တော့ထိုဓားကိုရင်းကျန်ဟာရေအစွမ်းနဲ့ ထိန်းချုပ်နေတာဖြစ်တယ်..ယွမ်လိန်မိန်ဟာသူ့ရဲ့ညာဘက်လက်ကိုထိန်းချုပ်လို့မရဖြစ်ခဲ့တယ်..ညာဘက်လက်ကလေပေါ်ပျံနေတဲ့ဓားတိုကို လှမ်းဖမ်းလိုက်တယ်..ယွမ်လိန်မိန်ကတော့သူဘယ်ဘက်လက်နဲ့ညာဘက်လက်ကို ထိန်းကိုင်နေပေမဲ့ညာဘက်လက်ကတော့ ဓားတိုကိုကိုင်ပြီးသွားပြီ။

ယွမ်လိန်မိန်သူ့ရဲ့လက်ကိုထိန်းချုပ်လို့မရဖြစ်လာတာကြောင့် တော်တော်လေးထိတ်လန့်သွားခဲ့။ ယွမ်လိန်မိန်မသိတာဟာသူ့ညာဘက်လက်နားလေးမှာ ရေငွေ့များရှိနေတယ်ဆိုတာကိုပေါ့။ ယွမ်လိန်မိန်ရဲ့ညာဘက်လက်မှာကိုင်ထားတဲ့ ဓားတိုလေးဟာကျန်းကန်ရင်းရင်ဘက်ပေါ်ကို ရောက်သွားခဲ့။

ယွမ်လိန်မိန်ကြောက်အားလန့်အားနဲ့ ချက်ချင်းကျန်းကန်ရင်းရဲ့ကိုယ်ပေါ်ကနေ ဆင်းလိုက်တယ်...မေ့ချင်ယောင်ဆောင်နေတဲ့ကျန်းကန်ရင်းကတော့ ယွမ်လိန်မိန်ဘာဖြစ်နေလည်းမသိပေ။ ယွမ်လိန်မိန်ဟာသူ့ဆန္ဒမပါပဲလျှောက်လုပ်နေတဲ့ညာဘက်လက်ကြောင့် သရဲများလုပ်နေတာလားဆိုပြီးကြောက်လန့်နေသည်။

villain boss(s-3)Where stories live. Discover now