Arc-7.10

416 44 7
                                    

သူ့ကိုကိုးရိုကြောက်သွားမလားလို့စိုးရိမ်ခဲ့တယ်..ဒါပေမဲ့ကိုးရိုကမကြောက်တဲ့အပြင်သူ့စိတ်ကိုပါ စွနေတော့သူမနေနိုင်ပဲနှုတ်ခမ်းကိုသိမ်းပိုက်မိလိုက်တယ်..နမ်းနေရင်းနဲ့ခြေထောက်ကိုထိမှာလည်းစိုးရိမ်ခဲ့တယ်..သူတစ်ဖြေးဖြေးနဲ့ကိုးရိုကိုလိုချင်လာခဲ့။ ဒါပေမဲ့အခြေအနေကောင်းမဟုတ်လို့ သူလိုချင်တဲ့စိတ်ကိုအတင်းဖိနှိပ်ထားပြီး ကိုးရိုကိုအိမ်ပြန်ပို့ခဲ့တယ်..

လမ်းမှာတင်အိပ်ပျော်သွားတဲ့ကိုးရိုကို အိမ်ခေါ်သွားချင်ခဲ့တယ်..သူ့ရဲ့မကောင်းတဲ့စိတ်ကိုဖိနှိပ်ပြီးသူ့အိမ်ကို ပြန်ပို့ခဲ့တယ်..ကိုးရိုရဲ့အမေသူ့ကိုမကြိုက်မှာဆိုးလို့ အမှားမပါအောင်သေသေချာချာပြောခဲ့တယ်..နောက်တစ်နေ့ခြေထောက်အနာကြောင့် ကိုးရိုကျောင်းကိုစက်ဘီးမနင်းမှာနိုင်မှာဆိုးလို့ သူသွားခေါ်ခဲ့တယ်..

သူ့ကိုငြင်းပယ်တော့သူစိတ်မကောင်းဖြစ်မိတာအမှန်။ သူလိုက်ပို့လို့မရခဲ့ပေမဲ့ကားနဲ့သူ့နောက်ကိုလိုက်ခဲ့တယ်.. ကျောင်းပေါက်ဝမှာ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကိုဒေါသထွက်စေတယ်..တိုအဲနဲ့စကားပြောတဲ့အတွက်ရောရှီဂီဆိုတဲ့ ကောင်မလေးနဲ့စကားပြောတဲ့အတွက်ကြောင့်ရောပေါ့။ ကျောင်းခေါင်မိုးထက်မှာသွားအောဟစ်ပေမဲ့ သူ့ဒေါသတွေကမသေသေး။

ညရောက်တော့ကိုးရိုကိုအရမ်းတွေ့ချင်လာလို့ သူ့အိမ်ကိုအသိမပေးပဲသွားခဲ့တယ်..ကိုးရိုကိုမတွေ့ပဲကိုးရိုရဲ့အမေကိုတွေ့လိုက်ရတယ်..ကိုးရိုကိုဖုန်းဆက်လှမ်းမေးရောသူငယ်ချင်းအိမ်မှာလို့ ပြောတုန်းကရှီဂီဆိုတဲ့ကောင်မလေးအိမ်ကိုရောက်နေတာလားလို့ လန့်သွားခဲ့တယ်..

မုရီအိမ်မှာလို့ပြောတုန်းကသူစိတ်သက်သာရာရသွားခဲ့တယ်..မုရီကိုဖုန်းလှမ်းဆက်ပြီးကိုးရိုရဲ့ခြေထောက်မှာ ဒဏ်ရာရနေတဲ့အကြောင်း ဘာမှသူ့ကိုမခိုင်းဖို့သူပြောခဲ့တယ်..ဒဏ်ရာပိုပြီးကြီးလာမှာကိုသူမလိုလားဘူး..သူကိုးရိုရဲ့မျက်နှာမြင်မှအိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားပြီးအဲ့မှာအချိန်တော်တော်ကြာနေခဲ့တယ်..

ကိုးရိုရဲ့အမေကကိစ္စလေးရှိလို့ ထွက်သွားတဲ့အချိန်သူကိုးရိုရဲ့ အခန်းထဲဝင်ပြီးလိုက်ကြည့်မိခဲ့တယ်..ဒါကမကောင်းတဲ့အပြုအမူမှန်း သူသိပေမဲ့ကိုးရိုရဲ့အခန်းလေးထဲကို အရမ်းကြည့်နေခဲ့တာကြောင့် ဝင်ကြည့်မိတယ်..ကိုးရိုရဲ့ငယ်ရွယ်စဥ်ကပုံလေးကိုသူဓာတ်ပုံတွေကို ရိုက်ခဲ့တယ်...သူအပြင်ကနေအသံတွေကြားလာတဲ့အတွက် ဧည့်ခန်းထဲမှာပြန်နေလိုက်တယ်..

villain boss(s-3)Where stories live. Discover now