Arc-5.7

721 78 7
                                    


ထန်၊ရှောင်ကျန့်၊ရွှယ်နဲ့ ကောင်းကင်နတ်သားတို့လေးယောက်ကတော့အေးအေးလူလူ တိုင်ပင်ဆွေးနွေးနေတဲ့အချိန် တစ်ဖက်ကသုံးယောက်ကတော့...

ရိပေါ်ကတော့ရှောင်ဟွားလေးကိုထိန်းကျောင်းရင်း လုပ်စရာရှိတာကိုလုပ်နေခဲ့။ ကောင်းကင်နတ်ဘုရားကတော့နှစ်ယောက်စာ အလုပ်ကိုတစ်ယောက်ထဲထိုင်လုပ်နေရတယ်..ရွှယ်ရဲ့ချစ်သူရှင်းယွမ်ကတော့ အစည်းအဝေးမှာစိတ်မပါကိုယ်မပါနဲ့ ဖြစ်နေတော့သည်။ ဘာလို့လည်းဆိုတော့သူဟာရွှယ်ဘေးနားမှာ နေချင်နေတဲ့အတွက်ကြောင့်ပေါ့။

အလုပ်တွေကိုခွဲခြားပေးဖို့နဲ့ သူတို့လုပ်ဖို့ကိုညွှန်ကြားပေးရတဲ့အတွက်ကြောင့် သူအစည်းအဝေးထိုင်နေရတာဖြစ်သည်။ ရွှယ်ရဲ့ချစ်သူရှင်းယွမ်ဟာ နတ်ဆိုးတစ်ယောက်​ဖြစ်သည်။ အရင်ကအရမ်းဆိုးသွမ်းခဲ့ပေမဲ့ အခုတော့ရွှယ်ကြောင့်လိမ်မ္မာသွားခဲ့တယ်..သူတို့နှစ်ယောက်ကိုအစပိုင်းတော့ဘယ်သူမှသဘောမတူကြပေ။ ဘာလို့လည်းဆိုတော့တစ်ယောက်ကနတ်တစ်ယောက်ကနတ်ဆိုးဖြစ်တာကြောင့်။ ဒါပေမဲ့ကောင်းကင်နတ်သားဟာအခွင့်အရေးပေးတဲ့အနေနဲ့ ရှင်းယွမ်ကိုစမ်းသပ်ခဲ့တယ်..

အဲ့စမ်းသပ်မူ့ဟာရှင်းယွမ်ရဲ့စိတ်ရှည်မူ့ကို စမ်းသပ်တာလည်းဖြစ်တယ်..လူဆယ်ယောက်ကိုရှာပြီးသူတို့ရဲ့ အမှားကိုပြင်ဆင်ဖို့အတွက်ဒုတိယအခွင့်အရေးပေးပြီး သူတို့အနားမှာsystem တစ်ယောက်လိုနေရတာဖြစ်တယ်..သူတို့အောင်မြင်မှရှင်းယွမ်အောင်မြင်တာဖြစ်တယ်..အမြင်မှာတော့လွယ်ကူနေပေမဲ့တကယ်တော့ခက်ခဲသည်။

လူဆယ်ယောက်ကိုလွယ်လွယ်နဲ့ရှာလို့မရပေ။ ဘာလို့လည်းဆိုတော့အဲ့ဆယ်ယောက်အခွင့်အရေးရအောင် သူ့ကိုအရမ်းချစ်တဲ့သူတစ်ယောက်ဟာ နှလုံးသွေးကိုဖောက်ထုတ်ပေးရတယ်..ဒါမှသာအဲ့လူကိုဒုတိယအခွင့်အရေးပေးလို့ရတာဖြစ်သည်။ ရှင်းယွမ်ကြိုးစားပန်းစားနဲ့လုပ်လိုက်တာကြောင့် လူဆယ်ယောက်ပြည့်သွားခဲ့တယ်..

ကောင်းကင်နတ်သားလည်းသူတို့နှစ်ယောက်ကို သဘောတူပေးလိုက်တယ်..ကောင်းကင်နတ်သားထိုသို့လုပ်ခိုင်းရတာဟာ သူတို့ကိုတခြားသူတွေပြသနာရှာလို့မရအောင်လုပ်ပေးလိုက်ခြင်းဖြစ်သည်။ အရင်ကဆိုရင်သူတို့နှစ်ယောက်ကို ကန့်ကွက်သူများရှိကြတယ်..ဒါပေမဲ့ကောင်းကင်နတ်သားရဲ့စမ်းသပ်ချက်ကို အောင်မြင်သွားတဲ့အတွက်မည်သူမှ မကန့်ကွက်ကြတော့ပေ။

villain boss(s-3)Where stories live. Discover now