Arc-5.10

690 68 13
                                    

ရိုဟက်(စ်)ဟာမနေ့ကလူစိမ်းတစ်ယောက်နဲ့ တွေ့ခဲ့တဲ့နေရာကိုသွားနေခဲ့တာဖြစ်သည်။ ဂရမ်နစ်ဟာမူမမှန်တာကိုသတိထားမိတာကြောင့် ရိုဟက်(စ်)ရဲ့အနားကနေမလိုက်ပဲ အလှမ်းဝေးဝေးကနေလိုက်နေခဲ့တယ်..လူစိမ်းနဲ့တွေ့ခဲ့တဲ့နေရာကိုလည်းရောက်ရော ရပ်သွားခဲ့တယ်..ဂရမ်နစ်လည်းဘာမှမလှုပ်ရှားပဲ တစ်နေရာလေးမှာဝင်ပုန်းလိုက်တယ်..

ခဏအကြာမှာပဲရိုဟက်(စ်)နားကိုလူတစ်ယောက်ရောက်လာခဲ့သည်။ ထိုသူဟာမနေ့ကရိုဟက်(စ်)နဲ့တွေ့ခဲ့တဲ့ သူစိမ်းသာဖြစ်တယ်..ဂရမ်နစ်ဟာထိုသူကိုမသိတာကြောင့် သူ့ဘေးနားကိုရှောက်ပိုင်ကို ထိုသူအကြောင်းစုံစမ်းခိုင်းလိုက်တယ်..

" မဆိုးဘူးပဲ..ငါ့ရဲ့ညို့ယူနိုင်စွမ်းအားကပိုကြီးသန်မာလာတယ်..ဒီတိုင်းသာဆိုရင်အရေးကြီးတဲ့လူတွေကို ငါညို့ယူလို့ရပြီ..ဒါပေမဲ့ဟိုတစ်ယောက်ကိုငါယှဥ်နိုင်ပါ့မလား.."

ထိုလူစိမ်းပြောနေတာကို ဂရမ်နစ်ကြားလိုက်ရတယ်..ထိုသူဟာသူ့လိုပဲညို့ယူနိုင်စွမ်းရှိတဲ့လူဆိုတာ သူသိလိုက်တယ်..ဒါပေမဲ့သူ့လောက်ထိတော့အစွမ်းမထက်သေးတာကိုလည်း တွေ့လိုက်ရတယ်..ရှောင်ပိုင်ဟာချက်ချင်းပြန်ရောက်လာခဲ့။ ထိုလူစိမ်းဘယ်သူလည်းဆိုတာ ဂရမ်နစ်ကိုပြောပြတော့သည်။

တကယ်တော့ထိုသူဟာမင်းသားတစ်ပါးသာဖြစ်သည်။ သူ့နာမည်ဟာလီခါဖြစ်တယ်.. သူ့အမေဟာကိုယ်လုပ်တော်တစ်ပါးလည်းဖြစ်တယ်.. သူဟာယခုလက်ရှိဘုရင်ကြီးရဲ့သားမဟုတ်ပဲ သူ့အမေတခြားတစ်ယောက်နဲ့ဖောက်ပြန်ပြီး ရထားတဲ့ကလေးဖြစ်သည်။ သူ့အမေဟာဘုရင်ကြီးနဲ့ရထားတဲ့အတိုင်းသာ ဟန်ဆောင်နေခဲ့တယ်..ဒီအဖြစ်မှန်ကိုသိတဲ့သူတို့နှစ်ယောက်သာရှိတယ်..

အရင်ကတော့တစ်ချို့အစေခံတွေ သိခဲ့တယ်..သူတို့ဟာချိန်းခြောက်လာတာကြောင့် သားအမိနှစ်ယောက်ပေါင်းပြီး သူတို့ကိုသတ်ပြစ်ခဲ့။ သူ့ရဲ့ရည်ရွယ်ချက်ဟာသူဘုရင်တစ်ပါးဖြစ်အောင်လုပ်ပြီး သူ့အမေကိုလူတွေအထက်မှာထားဖို့သာဖြစ်တယ်...သို့ပေမဲ့သူ့အမေဟာသူ့အသက်၁၂အရွယ်မှာ ရောဂါ​ကြောင့်​သေသွားခဲ့တယ်..

villain boss(s-3)Where stories live. Discover now