Arc-6.11(end)

630 53 10
                                    

တိတ်ဆိတ်နေသော်တိုက်ခန်းကြီးထဲကို လူငယ်လေးတစ်ယောက်မောပန်းတစ်ကြီးနဲ့ ဝင်ရောက်လာခဲ့တယ်..နှဖူးပေါ်မှာလည်းချွေးတီးများကျဆင်းနေခဲ့သည်။ ထိုတစ်ယောက်ဟာမောပန်းနေပေမဲ့ တိုက်ခန်းကြီးထဲလည်းရောက်ရောမောနေတဲ့ကြားက...

" boss ဘာဖြစ်လို့လည်း..."
ဆိုပြီးဆိုဖာပေါ်မှာ စိတ်ပျက်အားငယ်နေတဲ့လူတစ်ယောက်ကိုမေးလိုက်သည်။ ထိုသူကတော့ဝမ်ကျောက်ကျွင်းသာဖြစ်တယ်..မောပန်းတကြီးနဲ့လူကတော့သူ့ရဲ့မန်နေဂျာလေးသာဖြစ်တယ်..

ဝမ်ကျောက်ကျွင်းဟာသူ့မန်နေဂျာလေးကိုလည်းမြင်ရော သူ့အရှေ့မှာထိုင်ခိုင်းလိုက်တယ်...မန်နေဂျာလေးကလည်းဆိုဖာပေါ်မှာထိုင်လိုက်ပြီး အမောဖြေနေတော့သည်။ သူ့bossကိုသာဂရုစိုက်မအားပဲ သူ့ရှေ့ကရေကိုသာသဲကြီးမဲကြီးသောက်နေတော့တယ်...ဝမ်ကျောက်ကျွင်းဟာသူ့မန်နေဂျာအဆင်ပြေသွားတဲ့အခါမှ..

" ငါဘာမှားသွားလည်း..."

" boss ဘာလုပ်လို့လည်း.."

" ဘာမှမလုပ်ဘူးဒါပေမဲ့ ပြန်တော့မဲ့အချိန်သူပျော်နေတာငါမြင်လိုက်တယ်..ငါတစ်ခုခုမှားလုပ်မိလိုက်လားမသိဘူး.."

" boss စိတ်မရှိဘူးဆိုရင် ဒီနေ့တစ်နေ့လုံးဖြစ်သမျှကျွန်တော်ကိုပြောပြပါလား.."

" အင်း..."
ဒီလိုနဲ့ပဲဝမ်ကျောက်ကျွင်းဟာ သူတစ်မနက်လုံးဖြစ်ပျက်ခဲ့တဲ့အကြောင်း အကုန်လုံးကိုပြောပြတော့တယ်..စကားအများကြီးမပြောတက်တဲ့ဝမ်ကျောက်ကျွင်းဟာ သူ့မန်နေဂျာကိုအသေးစိတ်ကအစပြောပြသည်။ မန်နေဂျာလေးကတော့ဝမ်ကျောက်ကျွင်းစကားလည်းဆုံးရော ..

" fuck boss.."

"....."

" အာ...ဟိုဟာကျွန်တော်စကားပြောမှားသွားတယ်..bossကိုဆဲချင်လို့မဟုတ်ပါဘူး..ဟိုဟာ.."

" မင်းငါ့ကိုသူဌေးလို့မဆက်ဆံနဲ့သူငယ်ချင်းလိုဆက်ဆံပြီးပြောပြ မင်းဘာလို့ဒေါသထွက်ရတဲ့အကြောင်း ငါပြောတဲ့ထဲဘာတွေမှားသွားလည်းထောက်ပြ.."

" boss စိတ်မဆိုးဘူးဆိုရင် ကျွန်တော်သူငယ်ချင်းတစ်ယောက်ကိုအကြံပေးသလိုပြောမယ်..အဟန့်..ဝမ်ကျောက်ငါသာမိုကျားဝမ်နေရာမှာဆိုရင် ငါမင်းကိုအောဟစ်နေပြီသိလား.."

villain boss(s-3)Where stories live. Discover now