Arc-7.3

469 48 29
                                    

( အပေါ်ကတစ်ယောက်ကဆရာအာယုဂီ...ဟီးဟီး )

ကျွန်မနာမည်ရှီဂီ..ကျွန်မရဲ့မိဘနှစ်ပါးရောကျွန်မရဲ့ဆွေမျိုးသားချင်းတွေရော ကျွန်မကိုအရမ်းချစ်ကြတယ်..ကျွန်မရဲ့ဦးလေးကလည်းလိုလေသေးစိတ်မရှိအောင် ကျွန်မကိုဖြည့်ဆည်းပေးတယ်..ဦးလေးအရင်းတော့မဟုတ်ဘူးပေါ့။ ဘယ်လိုပြောရမလဲကျွန်မဘဝကအရမ်းကို သာမန်ဆန်မယ်ပျင်းဖို့လည်းအရမ်းကောင်းတယ်..

မနက်မိုးလင်းရင်ထတယ်မိသားစုနဲ့မနက်စာစားတယ်..ဦးလေးကကျောင်းလိုက်ပို့တယ်..စာသင်တယ်သူငယ်ချင်းတွေနဲ့ဆော့တယ်..ပြီးရင်ကျောင်းပြန်တယ်ညရောက်ရင်ညစာစားတယ်..ပြီးရင်အိပ်တယ်..တစ်နေ့တစ်နေ့ဒီလိုတွေပဲဖြစ်နေတော့ ကျွန်မလည်းပျင်းလာတယ်လေ..

ဟိုတစ်နေ့ကကျွန်မဦးလေးကို အခန်းဖော်တစ်ယောက်ချစ်ခွင့်ပန်တယ်လေ.. ကျွန်မချောင်းကြည့်နေလို့သာမြင်လိုက်ရတာ..အဲ့တစ်ယောက်ကအတန်းထဲမှာစာတော်တော်လေးတော်တယ်..အေးဆေးလည်းနေတက်တဲ့သူ့နာမည်ကကိုးရိုစံအိ..သူငယ်ချင်းတွေတော့သိပ်မရှိဘူး..အဲ့တစ်ယောက်ကကျွန်မဦးလေးကိုကြိုက်သွားလိမ်မယ်လို့ လုံးဝကိုမထင်ခဲ့ဘူး..

ကျွန်မဦးလေးကတော့သူ့ကိုငြင်းခဲ့တယ်..ကျွန်မသနားမိတယ်..သူဝမ်းနည်းသွားတဲ့ရုပ်ကိုမြင်ရောပိုပြီးတော့တောင် စိတ်မကောင်းဘူး...သူရက်တော်တော်ကြာတဲ့အထိကျောင်းမလာခဲ့ဘူး..အသဲကွဲလို့ကျောင်းတောင်ပျက်သွားတယ်..သူကျောင်းလာရင်ကျွန်မသူ့အပေါ်ကောင်းကောင်းဆက်ဆံပေးရမယ်..

သူဒီနေတော့ကျောင်းလာတယ် ဒါပေမဲ့သူ့ပုံစံကအသဲကွဲနေတဲ့ရုပ်လည်းမပေါဘူး။ အရင်ကထက်တောင်ချောလာသေးသလိုပဲ..ထူးထူးဆန်းဆန်းအတန်းထဲကတာကိုမုရိက ကိုးရိုစံအိကိုသူငယ်ချင်းဖြစ်ချင်တယ်လို့ ပြောနေတယ်..ကျွန်မတော်တော်လေးမျက်လုံးပြူးသွားကြတယ်..တာကိုမုရိလိုတစ်ယောက်ထဲသီးသန့်နေတက်တဲ့ သူကကိုးရိုစံအိကိုသူငယ်ချင်းလုပ်မယ်လို့ ပြောနေတော့ကျွန်မတော်တော်လေးအံသြမိ။

ဘာကြောင့်လည်းတော့မသိပေမဲ့ကျွန်မလေ သူတို့နှစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်မိတယ်..သူတို့နှစ်ယောက်နဲ့သာသူငယ်ချင်းလုပ်ရင် ကျွန်မဘဝပျင်းရမှာမဟုတ်ဘူးဆိုတာ စိတ်ထဲထင်နေမိတယ်..ကျွန်မမသိလိုက်ခင်မှာကျွန်မသူတို့ဆီတောင် သွားနေတယ်လေ..အဲ့ဒါနဲ့မထူးတော့ပါဘူးလေဆိုပြီး ကျွန်မသူတို့နှစ်ယောက်ကိုသူငယ်ချင်းဖြစ်ချင်တယ်လို့ပြောလိုက်တယ်...

villain boss(s-3)जहाँ कहानियाँ रहती हैं। अभी खोजें