Arc-4.3

884 91 22
                                    


ကျန်းလီခန့်သည်သီချင်းနားထောင်နေတာမဟုတ်ပေ။ နားထောင်ချင်ယောင်ဆောင်နေတာဆိုရင်ပိုမှန်တယ်..သူ့ကိုကျားဟုန်ချီးအော်ဟစ် ပြောဆိုနေတာကိုလည်းသူကြားတယ်..တမင်သတ်သတ်မကြာချင်ယောင်ဆောင်ပြီးပေကပ်ကပ်နေနေတာဖြစ်တယ်..နောက်ပြီးသူ့ကိုသူနဲ့မသိတဲ့သူတစ်ယောက်ယောက်ဆရာကြီးလာလုပ်ပြီး အမိန့်​ပေးတာကိုမကြိုက်။

အရှေ့ကတစ်ယောက်လှမ်းပြောမှသာ သူလှုပ်ရှားလာခဲ့တာဖြစ်တယ်..ကျန်းလီခန့်ဘေးနားမှာတစ်ချိန်လုံးရှိနေတဲ့ ရှောင်ပိုင်ကတော့ဟိုသုံးယောက်ရောက်လာထဲက ပေါက်ပေါက်စုတ်နဲ့အချိုရည်ကို ယူပြီးစားနေတာဖြစ်တယ်..

ယခုလက်ရှိ..ကျန်းလီခန့်ဟာဘာတွေဖြစ်သွားမှန်းမသိတဲ့ မျက်နှာဘေးနဲ့အတန်းခေါင်းဆောင်ကျားဟုန်ချီကို..

" ဘာကိစ္စရှိလည်းအတန်းခေါင်းဆောင်.."

ကျန်းလီခန့်ထို့သို့လည်းပြောလိုက်ရော အခန်းထဲကသူတွေအားလုံးမျက်လုံးပြူးသွားခဲ့။ သူတို့ကြားလိုက်တဲ့စကားကိုတောင်မယုံကြည်နိုင်ဖြစ်သွားခဲ့တယ်..ကျားဟုန်ချီးကိုကျန်းလီခန့်နာမည်မခေါ်တော့ပဲ အတန်းခေါင်းဆောင်လို့ခေါ်လိုက်တဲ့အတွက်ပေါ့။

သူတို့အားလုံးသိသည်ကျားဟုန်ချီးကိုကျန်းလီခန့်ကြိုက်နေတယ်ဆိုတာ..ဒါ့အပြင်အရင်ကဆိုရင်ကျားဟုန်ချီသူ့နာမည်ကိုမခေါ်ရပဲ အတန်းခေါင်းဆောင်လို့ခေါ်ရမယ်ဆိုပြီး ပြောခဲ့ပေမဲ့လည်း ကျန်းလီခန့်ကနာမည်ပဲခေါ်နေခဲ့တာကြောင့် ယခုလိုမျိုးရုတ်တရပ်ထိုစကားထွက်လာတော့ အားလုံးအံသြသင့်သွားခဲ့တယ်..

ကာရံကံရှင်ဖြစ်တဲ့ကျန်းလီခန့်ကတော့ စိတ်ထဲ၌မဲ့ရွဲ့သွားတော့သည်။

* ဒီကိုယ်ဘယ်လောက်တောင်မှစောက်ရှက်မရှိထားလို့ သူတို့တွေအဲ့လောက်ထူးဆန်းနေတာပဲဖြစ်မယ်..ကျန်းလီခန့်ကျန်းလီခန့် ဘာတွေများလုပ်ထားတာလည်းကွာ..ထားပါအခုလက်ရှိကိုပဲအာရုံစိုက်ထားရမယ်..*

စိတ်ထဲမှာတော့အော်ဟစ်နေပေမဲ့အပြင်မှာတော့ ဘာမှမသိတက်အကြည့်တွေနဲ့ကျားဟုန်ချီကိုကြည့်နေတော့တယ်..အဲ့အကြည့်တွေကြောင့်ကျားဟုန်ချီးဟာ ရှက်​ပြေတစ်ချက်ဟန့်လိုက်ပြီး လေသံအနည်းငယ်ပျော့ကာ..

villain boss(s-3)Where stories live. Discover now