Arc-4.12

858 86 12
                                    

' ရှောင်ပိုင်မင်းဘယ်လိုလုပ်နေတာလည်း..'

' ငါဘာလုပ်နေလို့လည်း..'

' ယီး..မင်းဘာလို့ရှောင်ဟွားကိုသစ်ပင်မှာဇောက်ထိုးချည်ထားရတာလည်း..'

ဟုတ်ပါတယ်အားလုံးကြားလိုက်ရတဲ့အတိုင်း ရှောင်ပိုင်ဟာရှောင်ဟွားကိုသစ်ပင်မှာဇောက်ထိုးကြီးချည်ထားပြီး တွဲလောင်းလုပ်ထားတာပါ။ ရှောင်ဟွားဆိုတာကရှောင်ကျန့်မွေးစားထားတဲ့ကလေးတစ်ယောက်ဖြစ်တယ်..ရှောင်ကျန့်ဟာချက်ချင်းရှောင်ဟွားဆီပြေးသွားပြီး ရှောင်ဟွားလေးကိုဂရုတစိုက်အောက်သို့ချလိုက်တယ်..ရှောင်ဟွားလေးကတော့တစ်ခစ်ခစ်နဲ့ရယ်မောနေသည်။

ရှောင်ဟွားရဲ့ကိုယ်ကိုသေချာစစ်ဆေးလိုက်ရော ဒဏ်ရာမရှိဘူးဆိုမှရှောင်ကျန့်စိတ်သက်သာရာရသွားပြီး သက်ပျင်းချနေတော့တယ်..ရှောင်ဟွားကိုချီလိုက်လိုက်ပြီးရှောင်ပိုင်ကို..

' ရှောင်ပိုင် သူကအခုမှကလေးပဲရှိသေးတာလေ ကြောက်သွားရင်ဘယ်လိုလုပ်မလဲ..'

' ကြောက်တဲ့ရုပ်ကအဲ့ရုပ်လား..'
ဆိုပြီးတစ်ခစ်ခစ်ရယ်နေတဲ့ရှောင်ကျန့်လက်ပေါ်ကရှောင်ဟွားကိုလက်ညိုးထိုးပြလိုက်တယ်..အဲ့အခါမှရှောင်ကျန့်ဟာချောင်းတစ်ချက်ဟစ်ပြီး..

' ဘာပဲဖြစ်ဖြစ်ကွာ မင်းဒီလိုတော့မလုပ်သင့်ဘူးလေ မတော်တဆထိခိုက်မိရင်ဘယ်လိုလုပ်မလဲ..မင်းကလဲ့စားချေချင်ရင်တောင်ကြီးတဲ့အထိစောင့်လေ ဘာလို့ငယ်သေးတဲ့အချိန်အခွင့်ကောင်းယူရတာလည်း..'

' ငါ့ကိုလာနောက်နေတာလား..သူကနတ်သူငယ်လေးတစ်ပါးနော် ဒဏ်ရာရသွားရင်တောင်မင်းလက်တစ်ချက်လှုပ်လိုက်တာနဲ့ ပျောက်သွားအောင်လုပ်ပေးနိုင်တယ်..နောက်ပြီးငါကလဲ့စားချေတာမဟုတ်ဘူးသူနဲ့ဆော့ပေးတာ..'

' ယီး..မင်းဆော့ပေးတဲ့ကစားနည်းကလည်းကြမ်းတာကွာ... '

' ငါမင်းကိုမင်းအုန်းမယ်..မင်းရှောင်ဟွားကိုတစ်ယောက်ထဲထားခဲ့ပြီးဘယ်သွားတာလည်း..'

' ရိပေါ်ဆီကို...'

' လီးလိုပဲ..ကလေးတစ်ယောက်ကိုအိမ်မှာထားပြီး လင်ဆီသွားတယ်ပေါ့..ငါ့ကိုကျတော့ပြောပြီးမင်းကျတော့ရော ရှောင်ဟွားကိုသေချာစောင့်ရှောက်ရဲ့လား..'

villain boss(s-3)Where stories live. Discover now