Arc-5.4

689 82 16
                                    

( အပေါ်ကတစ်ယောက်ကတော့ကျယ်မရဲ့ နှလုံးသားလေး စတားဗစ်ခ်ပါ )

ဂရမ်နစ်ကြောင့်ကိစ္စတွေကြီးမားလာခဲ့တယ်..အားလုံးကလည်းဂရမ်နစ်ကိုကုသပေးတဲ့ကုသသူလေးကို အသေအလဲလိုက်ရှာတော့သည်။ လူတစ်​ယောက်ဟာအစွမ်းတစ်ခုထဲသာပိုင်ဆိုင်နိုင်တာကြောင့် အစွမ်းရှိတဲ့လူတွေကိုမစစ်ဆေးတော့ပေ။ ထိုသတင်းဟာတခြားနိုင်ငံတွေထိပါ ပေါက်ကြားသွားခဲ့တယ်..အခုဆိုရင်မိန်းကလေးတိုင်းကိုလူတိုင်းဟာစစ်ဆေးနေတော့သည်။

ဂရမ်နစ်ကတော့အလုပ်သစ်မှာ ပျော်ရွင်နေလေတယ်..အရင်ကလောက်ထိအလုပ်များမလုပ်ရတဲ့အပြင် နားချိန်များပါရှိနေတော့အေးအေးဆေးဆေးပင်။ နောက်ပြီးသူ့အလုပ်ဟာ တိရစ္ဆာန်လေးတွေကိုရေမိုးချိုးတာနဲ့အစာကျွေးတာရယ်လောက်သာ ရှိတော့သာသာယာယာသာဖြစ်နေသည်။

မသာယာပဲအပူတွေများနေတဲ့တစ်ယောက်တော့ရှိတယ်...ထိုသူဟာဇာတ်လိုက်မစရန်တီနာသာဖြစ်တယ်..ဂရမ်နစ်အစွမ်းရှိသွားတယ်ဆိုတဲ့နေ့မှာပဲ သူ့ကိုအောတစ်ခ်ဟာအပြင်တွေကိုမသွားခိုင်းခဲ့။ အစပိုင်းတော့စရန်တီနာဟာသူတစ်ခုခုဖြစ်မှာကို စိုးရိမ်လို့ထိုသို့လုပ်ပေးတယ်ထင်ပြီး ပျော်နေခဲ့တယ်..ဒါပေမဲ့သူနောက်မှသိလိုက်တာဟာ သူ့မှာကုသတဲ့အပြင်အစွမ်းရှိအောင်လုပ်ပေးနိုင်လားဆိုပြီး စစ်ဆေးနေမှန်းသိသွားခဲ့။

ဒဏ်ရာရနေတဲ့လူတစ်ချို့ကိုမျက်လုံးပိတ်ပြီး သူ့ဆီခေါ်ခေါ်လာကာကုသဖို့ခိုင်းခဲ့တယ်..သူကလည်းအစပိုင်းတော့ အောတစ်(ခ်)ရဲ့လူတွေ ဒဏ်ရာရလာကြတာလို့ထင်ပြီးကုသပေးခဲ့တယ်..သူ့အစွမ်းတောင်တဖြေးဖြေးလျော့နည်းလာခဲ့တယ်..အဖြစ်မှန်ကိုသိတော့မှသူဒေါသအတော်လေးထွက်လာခဲ့တယ်..အောတစ်(ခ်)ကိုတောင်သူသွားပြီးမေးမြန်းခဲ့တယ်..

သူသိလိုက်ရတာဟာအောတစ်(ခ်)ဟာ အစထဲကဂရမ်နစ်ကိုကယ်ခဲ့တဲ့ကုသသူဟာ သူမဟုတ်မှန်းသိနေတာကို သိခဲ့ရတယ်..ဒါပေမဲ့သူ့အပေါ်ကြိုက်တဲ့စိတ်အနည်းငယ်လေးရှိတာကြောင့် သူငိုယိုပြီးသောင်းကျန်းခဲ့တယ်..ထိုအခါမှအောတစ်(ခ်)လည်းဘာမှဆက်မလုပ်တော့ပဲ လွှတ်ထားပေးခဲ့တယ်..

villain boss(s-3)Where stories live. Discover now