Arc-6.2

594 62 11
                                    


( အပေါ်ကတစ်ယောက်ကဇာတ်လိုက် ရှန်မုန်ရှီးပါ )

ယန်ဟာဇာတ်ကြောင်းကိုဖတ်ပြီးရောသူဝင်နေတဲ့ကိုယ်ရဲ့ အကြောင်းကိုဆက်ဖတ်လိုက်သည်။ မိုကျားဝမ်ရဲ့အဖေဟာအရက်အလွန်သောက်ချင်းကြောင့် သေဆုံးခဲ့တယ်..မိုကျားဝမ်အဖေလည်းသေရောအမေဖြစ်သူဟာ မိုကျားဝမ်ကိုမိဘမဲ့ဂေဟာသို့ပို့ခဲ့တယ်..မိုကျားဝမ်ဟာတည်တည်နေတာကြောင့် သူ့ကိုဘယ်ကလေးမှသူငယ်ချင်းမတော်ရဲကြ။ ဝမ်ချီကတော့ထိုသို့မဟုတ်။

မိုကျားဝမ်အနားကိုအ​မြဲလာပြီးသူငယ်ချင်းဖြစ်ဖို့ကြိုးစားခဲ့တယ်..နောက်တော့မိုကျားဝမ်ဟာဝမ်ချီနဲ့သူငယ်ချင်းတွေဖြစ်သွားခဲ့။ သူငယ်ချင်းဆိုတာထက်ဝမ်ချီကို ညီလေးတစ်ယောက်ခင်တွယ်သည်။ နောက်တော့ဝမ်ချီကြောင့် မိုကျားဝမ်ညီလေးနောက်တစ်ယောက်ရသွားခဲ့။ ရှန်မုန်ရှီးနဲ့အစပိုင်းမိုကျားဝမ်မရင်းနှီးပေမဲ့ ကြာလာတော့ညီလေးတစ်ယောက်လို ရင်းနှီးလာခဲ့တယ်..

ဝမ်ချီနဲ့ရှန်မုန်ရှီးတို့နဲ့ရင်းနှီးလာတဲ့နေ့ကစပြီး မိုကျားဝမ်ဟာသူတို့နှစ်ယောက်ကို သူ့ရဲ့ညီအရင်းလိုမျိုးဂရုစိုက်မယ်လို့လည်းဆုံးဖြတ်ခဲ့တယ်..မိုကျားဝမ်ဟာငယ်ရွယ်စဥ်ထဲကသီချင်းရေးရတာကို ဝါသနာပါခဲ့သည်။ ကြီးလာရင်နာမည်ကြီးသီချင်းရေးဆရာလုပ်ဖို့လည်း ဆုံးဖြတ်ချက်ချထားခဲ့။ သူ့ညီလေးနှစ်ယောက်ဟာအဆိုတော်ဖြစ်ချင်တာလည်း သိရောမိကျားဝမ်​ပျော်မိ။

သူ့သီချင်းတွေကိုသူ့ညီလေးနှစ်ယောက်အတွက် ရေးဆက်ခဲ့တယ်..မိုကျားဝမ်အစကတော့စာရေးဆရာသာလုပ်မယ်လို့ဆုံးဖြတ်ထားပေမဲ့ ညီဖြစ်သူနှစ်ယောက်ကိုအနုပညာကျောင်းမှာစိတ်မချတာကြောင့် မိုကျားဝမ်ပါပါဝင်လိုက်တယ်..မိုကျားဝမ်ရဲ့ဦးဆောင်ကောင်းမူ့ကြောင့် သူတို့သုံးယောက်ကိုလူသိများလာခဲ့။

သူ့သီချင်းများကိုလည်းလူကြိုက်များလာခဲ့။ မိုကျားဝမ်တို့နဲ့စာချုပ်ချုပ်တဲ့ ကုမ္ပဏီကလည်းမိုကျားဝမ်တို့အပေါ်အရမ်းကောင်းတာကြောင့် ဘဝလမ်းဖြောင့်ဖြူးခဲ့တယ်..ဆုတွေများစွာကိုသိမ်းပိုက်နိုင်ခဲ့။ မိုကျားဝမ်နှစ်နှစ်လောက်သာပျော်ရွင်စရာလေးကိုခံစားခဲ့ရတယ်..မိုကျားဝမ်ဟာနာမည်ကြီးသီချင်းရေးဆရာရဲ့ သီချင်းတွေကိုခိုးတယ်ဆိုတယ်ဆိုပြီး စွန့်စွဲခံလာခဲ့ရတယ်..

villain boss(s-3)Where stories live. Discover now