Arc-4.1

1.1K 88 12
                                    

( လူဆိုးလေးကျန်းလီခန့် ပါနော်ဟီး..)

ကျောင်းနောက်ဖေးအနောက်လမ်းကြားလေးထဲတစ်ခု၌ လူတစ်စုရှိသည်။ စုစုပေါင်းငါးယောက်ဆိုပေမဲ့ ထူးဆန်းတဲ့လူတစ်ယောက်လည်းရှိတယ်..အကုန်လုံးဟာယောကျားလေးများသာဖြစ်ကြတယ်..ကောင်လေးတစ်ယောက်ကတော့သူ့ကျော်ပိုးအိတ်လေးကိုအသေစုတ်ကိုင်ထားပြီး ကြောက်လန့်တကြားနဲ့သူ့အရှေ့သူတွေကိုကြည့်နေခဲ့တယ်..

လူသုံးယောက်ကတော့ထိုကောင်လေးကို ဝိုင်းထားပြီး လှောင်ပြောင်စွာနဲ့ကြည့်နေခဲ့တယ်..ကျန်တဲ့တစ်ယောက်ဟာအုတ်နံရံကိုမှီပြီး လက်ပိုက်ကာသူတို့ကိုကြည့်နေခဲ့တယ်..ထူးဆန်းတဲ့တစ်ယောက်ကတော့ထိုကောင်လေးရဲ့ဘေးနားမှာ ရှိနေခဲ့တယ်..ကြောက်လန့်တကြားဖြစ်နေတဲ့ကောင်လေးကို ကျန်သုံးယောက်ဟာဝိုင်းပြီးအနိုင်ကျင့်နေကြတာဖြစ်တယ်..

နောက်တော့နံရံကိုမှီပြီးရပ်နေတဲ့ကောင်လေးဟာ..

" တော်ပြီ ပြန်ကြမယ်.."
ထိုကောင်လေးပြောလိုက်ရော.. အနိုင်ကျင့်နေကြတဲ့သူတွေဟာ..

" ကောင်းပြီလေ နောက်မှပဲသူ့ကိုအနိုင်ကျင့်တော့မယ်.."

" မင်းကံကောင်းသွားတယ်မှတ်.."

" အခုချက်ချင်းငါတို့မျက်စိရှေ့ကနေထွက်သွားတော့..မဟုတ်ရင်.."
အနိုင်ကျင့်နေတဲ့ကောင်လေးရဲ့စကားကို အနိုင်ကျင့်ခံရတဲ့ကောင်လေးကြားရော ချက်ချင်းအနောက်လှည့်မကြည့်ပဲ ပြေးထွက်သွားတော့သည်။ ထိုအချင်းအရာကြောင့်အနိုင်ကျင့်ကြတဲ့ကောင်လေးတွေဟာ လှောင်ပြောင်ရယ်မောနေတော့သည်။

နံရံမှီပြီးရပ်နေသေးတဲ့တစ်ယောက်ဟာ မျက်မှောက်ကြုတ်လိုက်ပြီး..

" တိတ်တော့.."
သူပိတ်ဟောက်လိုက်ရောအကုန်တိတ်သွားခဲ့တယ်..

"....."

" ပြန်ကြတော့.."

" ကျန်းလီငါတို့ကိုလိုက်ပို့ပေးအုန်းလေ.."

" ငါတို့အတူတူပြန်နေ..."

" ငါပြောနေတယ်နော်အခုချက်ချင်းပြန်ကြတော့လို့!!!.."
ကျန်းလီဆိုတဲ့ကောင်လေးဒေါသတကြီးနဲ့ပြောလိုက်ရော တိတ်သွားကြပြီးသူတို့လွယ်အိတ်ကိုကောက်ယူကြကာသုံးယောက်သားထွက်သွားတော့သည်။ မထွက်သွားခင်ကျန်းလီဆိုတဲ့ကောင်လေးကိုတစ်ချက်ချက်လှည့်ကြည့်နေခဲ့တယ်..သူတို့ပုံစံဟာကျန်းလီဆိုတဲ့ကောင်လေးသူတို့ကို ပြန်ခေါ်ဖို့ကိုစောင့်မျှော်နေတဲ့ပုံစံဖြစ်သည်။

villain boss(s-3)Where stories live. Discover now