Arc-2.11

1.1K 114 18
                                    

တောင်စွန်းနားလေး၌လူလေး​ယောက်ရှိသည်။ အတိအကျဆိုရင်တော့ငါးယောက်ပေါ့။ လူမဟုတ်တဲ့နတ်သူငယ်တစ်​ယောက်လည်းပါသည်။ အသက်ကြီးကြီးလူကြီးဟာ တစ်ယောက်ထဲဟီးဟီးဟားဟားနဲ့ရယ်နေပြီး တစ်ယောက်ထဲစကားတွေပြောနေခဲ့တယ်..ကောင်လေးတစ်ယောက်ဟာမြေပြင်ပေါ်မှာ အမှောက်ခံထားရသည်။ သူ့ပေါ်၌ကောင်လေးတစ်ယောက်လည်းရှိတယ်..ထိုကောင်လေးဘေးနား၌ကျေနပ်အားရစွာကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ရှိသည်။

အမှောက်ခံထားရတဲ့တစ်ယောက်ကို စိုးရိမ်စွာနဲ့လူမဟုတ်တဲ့တစ်ယောက်ကကြည့်နေခဲ့သည်။ အမှောက်ခံထားရတဲ့သူဟာဟန်မြောင်ဂမ်ဖြစ်သည်။ သူ့အပေါ်ကတစ်ယောက်ကတော့ဇာတ်လိုက်ပတ်ဆွန်းနယ်သာဖြစ်တယ်..ယခုဟန်မြောင်ဂမ်ဘယ်လောက်ရုန်းရုန်းမရ။

" ချစ်မြန်မြန်ကို့ရဲ့ ဘောင်းဘီအိတ်ကပ်ထဲက စာရွက်ကိုမြန်မြန်ယူလိုက်..မှင်ရောပဲ.."
ပတ်ဆွန်းနယ်ရဲ့စကားကိုကြားရော ဂန်ဟာဂမ်အချိန်မဆွဲပဲ ဘောင်းဘီအိတ်ကပ်ထဲကိုနှိုက်လိုက်တယ်..အနည်းငယ်ကျေနေတဲ့စာရွင်ကိုဖြန့်လိုက်ပြီး မှင်ကိုဖွင့်လိုက်တယ်..နောက်တော့ဟန်မြောင်ဂမ်ရဲ့ညာဘက်လက်မကို မှင်နဲ့တို့တော့သည်။

ဟန်မြောင်ဂမ်အတင်းရုန်းနေတာကြောင့် သေချာလုပ်လို့မရ။ ရှောင်ပိုင်ကလည်းသူ့bossကိုအားပေးရှာပါတယ်..

' boss ရုန်းရုန်းအသေရုန်း..လက်တွေပျက်ထွက်မတက်ရုန်း...'

' မကူညီချင်ရင်နေမနှောက်ယှက်နဲ့.. '

' စေတနာနဲ့အားပေးတာကို.. '

' ယီးကိုစေတနာ... '

' ..... '

ဟန်မြောင်ဂမ်ဟာသူအားအကုန်သုံးပြီး ရုန်းရတာတစ်မျိုးရှောင်ပိုင်ကိုပြောရတာနဲ့ သူအားတွေကုန်လာခဲ့တယ်..ရုန်းကန်နေတာကိုတောင်ရပ်လိုက်ရတယ်..ဟန်မြောင်ဂမ်ကတော့မောပန်းနေပေမဲ့ ဇာတ်လိုက်နှစ်ယောက်ကတော့ အားအပြည့်နဲ့သာ။

* ဇာတ်လိုက်တွေဘာတွေစားလို့အားအဲ့လောက်တောင် အားပြည့်နေတာလည်း.. *

ဟန်မြောင်ဂမ်ရုန်းနေတာကိုရပ်လိုက်တာကြောင့် သူတို့လိုချင်တာကိုလုပ်နိုင်သွားတယ်..ဟန်မြောင်ဂမ်ရဲ့လက်ဗွေရာကလည်း ထိုစာရွက်ပေါ်မှာအထင်းသာပေ။ ဇာတ်လိုက်ဟာဂန်ဟာရမ်ကိုင်ထားတဲ့ စာရွက်ကိုပြေးယူပြီး ကြည့်တော့တယ်..သူကျေနပ်အားရစွာဖြင်ဟစ်ကြွေးလိုက်ပြီး သူဘေးနားကသူ့ချစ်သူကိုပျော်ပျော်ကြီးဖက်လိုက်တယ်..

villain boss(s-3)Where stories live. Discover now