Arc-5.11

584 64 8
                                    



ဂရမ်နစ်သေဆုံးသွားတဲ့အကြောင်း အားလုံးသိသွားခဲ့။ ပျော်တဲ့သူရှိသလိုဝမ်းနည်းတဲ့သူတွေလည်းရှိတယ်..အရမ်းပျော်နေတဲ့သူကတော့စရန်တီနာသာဖြစ်တယ်..ဆာယူခရစ်(စ်)ကလည်းဂရမ်နစ်သေတဲ့ အကြောင်းသိရောပျော်နေလေသည်။ သူ့သူငယ်ချင်းအောတစ်(ခ်)ကြောင့်ဂရမ်နစ်သေရတယ်ဆိုတာ သူသိတယ်..

ရိုဟက်(စ်)ကလည်းဂရမ်နစ်သေတာလည်းသိရော အရမ်းဝမ်းနည်းနေတော့သည်။ သူအဲ့တုန်းကဖြစ်ပျက်သမျှကိုလည်း ကြားသိခဲ့တယ် ..အောတစ်(ခ်)ကိုဝင်ကယ်ခဲ့ပေမဲ့အောတစ်ခ်ကတော့ သေအောင်ပြစ်ထားတဲ့အကြောင်းသူကြားကြားချင်း အရမ်းတွေလည်းဒေါသထွက်မိခဲ့တယ်..

ငတုံးဖြစ်တဲ့ဂရမ်နစ်ကိုလည်းသူသနားနေမိ။ သူအောတစ်(ခ်)ကိုတစ်ခုခုလုပ်ချင်ပေမဲ့လည်း သူဟာလက်အောက်ငယ်သားတစ်ယောက်သာ ဖြစ်တာကြောင့်ဂရမ်နစ်အတွက်ကလဲ့စားမချေနိုင်ခဲ့။ သူ့ရင်ထဲကအကြောင်းကိုစရန်တီနာဆီရင်ဖွင့်ခဲ့တယ်...ဒါပေမဲ့ရိုဟက်(စ်)ဟာစရန်တီနာရဲ့ အားရကျေနပ်နေတဲ့မျက်ဝန်းကိုတွေ့လိုက်ရတော့ သူထင်ထားသလိုစရန်တီနာဟာ စိတ်သဘောထားကောင်းတဲ့သူမဟုတ်မှန်းသိလိုက်ရတယ်..

သူအရင်ကချစ်မိတဲ့စိတ်နဲ့နေပြီး တစ်ဖက်သူရဲ့ စိတ်ဓာတ်ကိုသေချာမကြည့်မိခဲ့တဲ့အတွက် နောင်တလည်းရလာခဲ့။ ရိုဟက်(စ်)တော်တော်လေးကိုစိတ်ဓာတ်တွေကျသွားခဲ့တယ်..သူအောတစ်(ခ်)တို့နဲ့မပေါင်းချင်တော့ပေမဲ့ သူညို့ယူထားခံရတဲ့ကိစ္စကြောင့်သူမပေါင်းချင်လည်းပေါင်းနေရတော့တယ်..

အောတစ်(ခ်)တို့ဟာမင်းသားလီခါမှာ ညို့ယူနိုင်စွမ်းရှိတာကိုသိသွားခဲ့တယ်..သူတို့ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတာကြောင့် ယုံကြည်သွားတာဖြစ်တယ်..ရိုဟက်(စ်)စိတ်ညို့ခံထားရတုန်းက ချောင်းကြည့်နေတဲ့သူသုံးယောက်ရှိတယ်..စရန်တီနာရယ်အောတစ်(ခ်)ရယ်ဆာယူခရစ်(စ်)တို့သာဖြစ်တယ်...ရိုဟက်(စ်)တော်တော်လေးကံကောင်းသွားခဲ့တယ်..အဲ့အချိန်ကနေစပြီးလီခါဟာဒီကိုပြန်လာဖို့ မပြောထားတဲ့အတွက်သူအဲ့အချိန်ရောက်တိုင်း ဘာမှမဖြစ်တော့ပေ။

ရက်တွေကုန်ဆုံးလာတာနဲ့အမျှ တစ်ချို့သူတွေဟာပြောင်းလဲလာခဲ့တယ်..ဂရမ်နစ်ရဲ့သေဆုံးမူ့ကြောင့် ရိုဟက်(စ်)ဟာအရင်ကလိုမဟုတ်တော့။ သူ့နေရာမှာသာနေပြီးသူ့အလုပ်သာလုပ်နေခဲ့တယ်..စရန်တီနာဆီကိုလည်းသူမသွားတော့။ စရန်တီနာလာရင်လည်းအကြောင်းပြချက်အမျိုးမျိုးပြပြီး ထွက်သွားခဲ့တယ်..စရန်တီနာကလည်းရိုဟက်(စ်)ဟာအရင်ကလိုမဟုတ်ဘူးဆိုတာ သိတာကြောင့်သူလည်းမသွားတော့ပေ။

villain boss(s-3)Where stories live. Discover now