Arc-4.5

892 96 13
                                    

( ဇာတ်လိုက်ရှောင်းဟွေ့ပါ)

" အာ..ကျောင်းတောင်ပြန်ရပြီဘာမှမဖြစ်ဘူးလား.."

' boss ကဘာဖြစ်ချင်လို့လည်း..'

" ဘာဖြစ်ချင်ရမှာလည်းကွ ဇာတ်ပွဲလေးဘာလေးကြည့်ချင်လို့ .."

' boss ရာအစထဲကကျွန်တော်ကိုမမေးဘူး..ဒီကိုယ်ထဲစစဝင်တုန်းကbossရှိတဲ့နေရာကိုသိလား..'

" သိတယ်..ဘာဖြစ်လို့လည်း..."

' အဲ့ကိုသွားလိုက်..အဲ့မှာမကြာခင်ပွဲဖြစ်တော့မယ်..'

" ဘာ..တကယ်.."
ကျန်းလီခန့်ချက်ချင်းတက်ကြွသွားခဲ့တယ်...ကားပေါ်တက်ဖို့လုပ်နေတာကနေ ပြန်ဆင်းလိုက်ပြီးကားဒရိုင်ဘာကို လုပ်စရာလေးရှိလို့ခဏစောင့်ခိုင်းခဲ့တယ်..သူပြောပြီးတာနဲ့ချက်ချင်းကိုပြေးသွားခဲ့တယ်..ရှောင်ပိုင်တောင်မနည်းသူ့နောက်ကနေလိုက်ပြေးလိုက်ခဲ့ရတယ်..

ထိုနေရာလည်းရောက်ရော လူလေးယောက်ကိုမြင်လိုက်လို့ လမ်းကွေ့လေးမှာဝင်ပုန်းပြီးချောင်းကြည့်ခဲ့။ အဲ့လူလေးယောက်ထဲကသုံး​ယောက်ကိုတော့သူသိတယ်..သူ့အရင်ကသူငယ်ချင်းသုံးယောက်သာဖြစ်သည်။ ကျန်တဲ့တစ်ယောက်ကိုတော့သူမသိ။ ဒါပေမဲ့ကြည့်လိုက်တာနဲ့အဲ့တစ်ယောက်ကိုအနိုင်ကျင့်နေကြမှန်း သူသိလိုက်တယ်..

သူချက်ချင်းဇာတ်ကြောင်းထဲကတစ်နေရာကို သတိရသွားခဲ့ပြီး..

" ရှောင်ပိုင် ဒီအခန်းကရှောင်းဟွေ့လာပြီးသူရဲကောင်းလာလုပ်တဲ့အခန်းလား.."

' ဟုတ်တယ်..'

" အဓိကဇာတ်လိုက်တွေကို ကံကြမ္မာကတော်တော်မျက်နှာသာပေးတာပဲ ပထမနေ့မှာတင်နာမည်ကြီးအောင်လုပ်ပေးဖို့ စဥ်းစားနေတာပဲ..ဒါပေမဲ့ရုပ်တည့်မရှိသလိုပဲ.."

' ဘာကိုလည်း..'

" ငါသိသလောက်ဇာတ်လိုက်နှစ်ယောက်က အိမ်ပြန်ရင်ကျောင်းအနောက်ပေါက်ကဘယ်တော့မှမပြန်ကြဘူး..ဒီနေ့ကျမှဘာတွေစိတ်ကူးပေါက်ပြီးပြန်တာလည်း.."

' ဒီနေ့မနက်ကပဲဆရာတစ်ယောက်ကစာရွက်ကိုမိတ္တူကူးပေးဖို့ပြောခဲ့တယ်လေ.. မိတ္တူဆိုင်ကဒီနားလောက်မှာ အဲ့ဒါကြောင့်ဇာတ်လိုက်နှစ်ယောက်ဒီနောက်ပေါက်ကနေပြန်တာ..'

villain boss(s-3)Where stories live. Discover now