Arc-7.2

495 55 16
                                    


( အပေါ်ကတစ်ယောက်က ဒုတိယဇာတ်လိုက် တာကိုမုရီ..)

ကိုးရိုဟာလုပ်ကြံတဲ့နေ့ကိုမရောက်ခင်အချိန်လေးအတွင်း နေ့ညမပျက်မုန့်ဆိုင်တွေဆီသွားခဲ့တယ်..သူ့အမေကတော့သူ့သားကိုဖုတ်ဝင်နေတာလားလို့တောင် ထင်နေမိခဲ့။ ကိုးရိုကလည်းသူ့အမေတစ်မျိုးထင်နေမှာဆိုးလို့ သူဘာဖြစ်လို့ငိုခဲ့ရတဲ့အကြောင်းမုန့်တွေလိုက်ပတ်စားနေရတဲ့အကြောင်း ပြောပြခဲ့တယ်..

သူအသဲကွဲလိုက်ရလို့စိတ်ပြေလက်ပျောက်ဖြင့် မုန့်ပတ်စားတာလို့သူ့အမေကိုဂျင်းထည့်လိုက်သည်။ သူ့အမေကလည်းသူ့သားစိတ်ချမ်းသာအောင်ဆိုပြီးလွှတ်ထားလိုက်တယ်..ငွေမလုံလောက်မှာဆိုးလို့ထက်တောင်ပေးသေး။ ကိုးရိုကလည်းသူ့အမေပေးတဲ့မုန့်ဖိုးတွေနဲ့ မစားဖူးသေးတဲ့မုန့်များကိုလိုက်ပတ်စားခဲ့သည်။ သူတစ်ယောက်ထဲတင်မကရှောင်ပိုင်လည်းပါသေး။ နှစ်​ယောက်သားထိန်းမနိုင်ပဲတွေ့ကရာမုန့်ကို လိုက်ပတ်စားခဲ့။

နောက်ဆုံးတော့ကိုးရိုရဲ့ဘဝအမှောင်ကျလာမဲ့နေ့ကိုရောက်ရှိခဲ့သည်။ ထိုနေ့မှာကိုးရိုရဲ့အမေဟာအလုပ်ကိစ္စကြောင့် ညမိုးချုပ်တဲ့အထိမရောက်လာပေ။ ကိုးရိုကလည်းထိုနေရာကိုလူသတ်သမားမရောက်ခင်သူအရင်ကြိုသွားခဲ့တယ်..လူသတ်မူ့ဖြစ်ပွားရာနေရာရဲ့ဘေးနားကအိမ်ခေါင်မိုးထက်ပေါ်မှာ ကိုးရိုရှိလေသည်။ ထိုနေရာဟာလူတော်တော်ပျက်တာကြောင့် ညဆိုတာနဲ့ဘယ်သူကမှမလာကြပေ။

ကိုးရိုဟာနေမဝင်ခင်ထဲကစောင့်နေတာကြောင့် ပျင်းလာခဲ့တယ်..

' ရှောင်ပိုင်မလာသေးဘူးလားကွာ ငါပျင်းလွန်းလို့အရည်တောင်ပျော်တော့မယ်..'

' boss အဲ့မေးခွန်းမေးတာဒါနဲ့ဆိုရင်အခါ၂၃ ခါတောင်ရှိနေပြီ ဖြေလိုက်ရတာလည်းအာကိုပေါက်နေပြီဗျာ...'

' မင်းကလည်းပျင်းလို့မေးမိတာကို..'

' တခြားဟာမေး..'

' ဒါဆိုရင်ငါ့လင်ကဘယ်သူများလည်း??..'

' လီး..အဲ့ဒါကိုမမေးပဲတခြားဟာမေးပါလား..လင်ကိုပဲတနေရင်လိုက်ရှာလေဘာလို့မေးနေသေးလည်း..'

villain boss(s-3)Where stories live. Discover now