Arc-4.14

863 86 19
                                    

" ငါတို့ပြသနာကြားထဲရောက်လာရင်ဘယ်လိုလုပ်မလဲ.."

" ထုံးစံတိုင်းပဲပေါ့ကွာ..ငါတို့ကိုခိုင်းတဲ့သူကိုပဲလွှဲချတာပေါ့..အလွန်ဆုံးထောင်တစ်နှစ်လောက်ပဲကျမှာ ပြီးရင်ငါတို့အေးဆေးပဲလေကွာ..မင်းကလည်းမလုပ်ဖူးတာကျလို့..."

" မဟုတ်ဘူးကွ ငါရင်လေးနေလို့ဒီတစ်ခါငါတို့ဖမ်းထားတဲ့ကောင်က အကောင်ကြီးကြီးလေကွာ သူ့နောက်မှာအာဏာရှိတဲ့သူတွေအများကြီးကွ.."

" အေးဆေးပါကွာ..ငါတို့ကိုငွေပေးထားတဲ့သူကတောင်မကြောက်တာ..ငါတို့ကဘာလို့ကြောက်နေရမှာလည်း..ငွေရထားတော့လုပ်စရာရှိတာလုပ်ကြတာပေါ့ကွာ..လာငါတို့အပြင်မှာအလုပ်ရှင်ကိုသွားစောင့်ရအောင်..."

" သူကရော.."
ဆိုပြီးသူတို့နှစ်ယောက်ရဲ့ရှေ့မှာ မေ့နေတဲ့ကောင်လေးတစ်ယောက်ကိုလက်ညိုးထိုးပြီး မေးလို​က်တယ်..

" ဆေးကအာနိသင်များတယ်..ငါအထင်နောက်တစ်နာရီလောက်မှသူနိုးလာလိမ်မယ်..အလုပ်ရှင်ရောက်တဲ့အချိန်နဲ့ကွက်တိပဲလေ.."

" သြော်..သွားကြရအောင်.."
ဒီလိုနဲ့နှစ်ယောက်သားလှည့်ထွက်သွားပြီး အခန်းပြင်ကိုမထွက်သွားခင်မီးခလုတ်ကိုပိတ်ခဲ့တော့တယ်...တံခါးပိတ်သံဟာလည်းကျယ်လောင်သွားခဲ့တယ်..အခန်းထဲလုံးဝတိတ်ဆိတ်သွားရော ဟိုနှစ်ယောက်မေ့နေမယ်လို့ထင်နေတဲ့ ကောင်လေးဟာမျက်လုံးဖွင့်လာခဲ့တယ်..သူ့ရဲ့လက်နှစ်ဖက်ရောခြေနှစ်ဖက်ပါကြိုးနဲ့အချည်ခံထားရတာကြောင့် ထမရဖြစ်နေခဲ့တယ်..နောက်တော့အားအပြည့်ယူလိုက်မှထထိုင်လို့ရသွားတော့တယ်...

ထိုနေရာဟာလုံးဝကိုမှောင်မဲနေတာကြောင့် ဘာမှမမြင်ပေ။ နောက်တော့ထိုကောင်လေးဘေးပတ်လည်မှာ မီးတောက်များထွက်လာခဲ့တယ်..မြင်ရတဲ့သူတိုင်းလန့်သွားပြီးမေ့လဲသွားနိုင်ပေမဲ့ ထိုကောင်လေးကတော့အေးဆေးသာဖြစ်နေခဲ့တယ်..ထိုမီးတောက်လေးများကြောင့်ထိုကောင်လေး သူဘေးနားကိုလိုက်ကြည့်လို့ရခဲ့တယ်..သူတို့ဂိုထောင်လိုလိုအခန်းစုတ်တစ်ခုထဲရောက်နေမှန်း သူသိလိုက်ရတယ်..

သေချာလည်းလိုက်ကြည့်ပြီးရော တစ်ယောက်ထဲစကားပြောနေခဲ့တယ်..ထိုကောင်လေးကိုကြည့်နေတဲ့သူရှိရင်တော့ ထိုကောင်လေးကိုရူးနေတယ်လို့ထင်နေမိမှာသေချာတယ်..တကယ်တော့ထိုကောင်လေးဟာသူ့ဘေးနားမှာရှိနေတဲ့ ကောင်လေးတစ်ယောက်ကိုစကားပြောနေတာဖြစ်တယ်..အဲ့ကောင်လေးကတော့တရုတ်ဝတ်စုံကိုဝတ်ဆင်ထားသည်။

villain boss(s-3)Where stories live. Discover now