Between life

503 42 9
                                    

ရှောင်ပိုင်နဲ့ယန်တို့ဟာ သူတို့အနားယူနေကြနေရာဖြစ်တဲ့ အဖြူရောင်အခန်းကြီးထဲရောက်လာခဲ့ကြတယ်..ယန်အရင်ရောက်နေခဲ့တာဖြစ်သည်။ ရှောင်ပိုင်တစ်ယောက်အဖြူရောင်အခန်းကြီးရောက်လာရော အရင်ဆုံးသူ့bossကိုလိုက်ရှာခဲ့တယ်..သူ့ကိုနောက်ကျော်ပေးထားတဲ့ယန်ကိုလည်းတွေ့ရော ချက်ချင်းယန်ရဲ့ရှေ့ကိုလျှောက်သွားကာ..

' boss တော်သားပဲ ကမ်ဘာခြောက်ခုကိုအောင်အောင်မြင်....'
ရှောင်ပိုင်ပြောနေရင်းတိတ်သွားခဲ့။ ရှောင်ပိုင်ရဲ့မျက်ဝန်းတွေကလည်း ပြူးလာပြီးသူ့bossကိုစိုက်ကြည့်နေခဲ့တယ်..ရှောင်ပိုင်ဘာလို့ထိတ်လန့်သွားရတာလည်းဆိုတော့ သူ့အရှေ့မှာရှိတဲ့သူဟာယန်ဆိုပေမဲ့ မျက်နှာမတူပေ။ ညာဘက်ပါးပေါ်မှာအပြာရောင်အမှတ်ကြီးရှိလေတယ်...ဒါ့အပြင်ထိုအမှတ်ကြီးရဲ့အပေါ်မှာ မှဲ့တစ်လုံးရှိလေတယ်...မျက်ဝန်းအရောင်ဟာရွှေဝါရောင်မဟုတ်ပဲ အနီရောင်ဖြစ်နေလေတယ်..

ယန်ကတော့သူ့ရုပ်ပြောင်းလဲသွားတာကို မသိသေးပေ။ ထိတ်လန့်နေတဲ့ရှောင်ပိုင်ကိုတစ်ချက်ရိုက်လိုက်ပြီး..

" ရှောင်ပိုင်မင်းဘာဖြစ်နေတာလည်း.."

' တ...တကယ် bossပါပဲ ဘာလို့ရုပ်ကပြောင်းနေရတာလည်း...'

" ရုပ်ပြောင်းတယ်..ဘာကိုလည်း.."
ရှောင်ပိုင်ဟာမှန်တစ်ချက်ထုတ်လိုက်ပြီး ကမ်းပေးလိုက်တယ်..ယန်လည်းထိုမှန်ကိုယူကာသူ့ရုပ်ကိုယ်သူပြန်ကြည့်လိုက်တယ်..ဘာမှမပြောင်းလဲတဲ့သူရုပ်ကိုမှန်ကနေတစ်ဆင့်မြင်ရော..

" ရှောင်ပိုင်မင်းဂေါက်နေတာလား ငါ့ရုပ်ကဒီတိုင်းပဲလေဘယ်မှာပြောင်းလို့လည်း..."
ယန်ထိုသို့ပြောလိုက်ရော ရှောင်ပိုင်သူ့ပါးသူတစ်ချက်ပြန်ရိုက်လိုက်ပြီး ယန်ရဲ့မျက်နှာကိုပြန်ကြည့်တော့သည်။ ရှောင်ပိုင်ဒီတစ်ခါတော့ခုနကရုပ်ကိုမတွေ့ရတော့ပဲ သူ့bossရဲ့နဂိုရုပ်ကိုပြန်မြင်လိုက်တယ်..ထိုအခါမှရှောင်ပိုင်ဟာသူမှားမြင်နေတာလားဆိုတဲ့ အတွေးဝင်လာခဲ့တယ်..

" ရှောင်ပိုင်မင်းထန်အကြောင်းတွေအတွေးများပြီး ဂေါက်သွားတာလား.."

villain boss(s-3)Where stories live. Discover now