Arc-2.8

1.2K 138 14
                                    

ဟန်မြောင်ဂမ်ကတော့ဂင်ဂျွန်ယောင်းရဲ့ ဂရုစိုက်မူ့အောက်မှာသာယာနေသည်။ ရှောင်ပိုင်ကတော့သူ့boss တာဝန်မထမ်းဆောင်ပဲအချောင်ခိုနေတာကို သိနေတာကြောင့်..သူ့အရှေ့မှာသူ့လင်နဲ့ပျော်မြူးနေတဲ့ bossဖြစ်သူကို...

' boss mission လုပ်ဖို့စဥ်းစားအုန်း..'

' ငါလုပ်နေပါတယ်..'

' ယီးကိုလုပ်နေလိုက်...'

' .....'

ရှောင်ပိုင်ရဲ့ဆဲသံကြောင့်သူလန့်သွားခဲ့တယ်..သူ့လက်ထဲကတူတောင်ကျသွားခဲ့...ဂင်ဂျွန်ယောင်းဟာတူနောက်တစ်စုံကိုလှမ်းမှာလိုက်ပြီး..

" ဘာဖြစ်လို့လည်း စားမကောင်းလို့လား.."

" အဟွတ်...မဟုတ်ပါဘူးငါ..ငါသန့်စင်ခန်းထဲသွားလိုက်အုန်းမယ်.."

" အင်း.."

ဟန်မြောင်ဂမ်ပြောပြီး ချက်ချင်းထွက်လာခဲ့တယ်..သန့်စင်ခန်းထဲလည်းရောက်ရောလွတ်နေတဲ့ အိမ်သာထဲဝင်နေလိုက်ပြီး..သူ့နောက်ပါလာတဲ့ရှောင်ပိုင်ကို....

' ရှောင်ပိုင် ဘာလို့ဒေါသတွေထွက်နေတာလည်း..'

' မသိတာလည်းမဟုတ်ပဲနဲ့ boss mission ကိုဘယ်အချိန်စလုပ်မှာလည်း..'

' ငါအခုလုပ်နေတယ်လေ..'

' ဘယ်မှာလည်းပြော..တစ်နေ့တစ်နေ့သူ့လင်နဲ့တဣသိုလ်အတူတူတက်လိုက် စားလိုက်သောက်လိုက်..လျှောက်သွားလိုက်နဲ့တစ်နေကုန်သွားတာပဲ..အခုထိကျန်တဲ့သုံးခုတောင်မပြီးသေးဘူးနော်..'

' လာမှာပေါ့ကွာ.. ဇာတ်လိုက်ဆိုတဲ့အမျိုးက ကလဲ့စားခြေမယ်ဆိုရင် ဦးနှောက်ကိုသိပ်မသုံးကြဘူး..မကြာခင်ဇာတ်လိုက်နှစ်ယောက်ငါ့ဆီလာလိမ်မယ်..အဲ့အခါကျရင်ငါလုပ်မဲ့တာဝန်နှစ်ခုပြီးသွားမယ်လေ..ကျန်တဲ့တစ်ခုကတော့ အခုနှစ်ပြီးသွားရင်အဲ့ဒါပါပြီးသွားလိမ်မယ်..'

' သေချာလား..'

' ငါမသေချာပဲပြောပါ့မလား သေချာတယ်..စောင့်ကြည့်လိုက်ငါပြောတဲ့အတိုင်းသူတို့မလာရင် ငါမင်းကိုပါးပါးလို့ခေါ်မယ်..လာရင်တော့မင်းငါ့ကိုပါးပါးbossလို့ ခေါ်ရမယ်..'

villain boss(s-3)Opowieści tętniące życiem. Odkryj je teraz