Arc-8.4

276 31 16
                                    

ရေကန်လေးတစ်ခုရဲ့အရှေ့မှာတော့ ​ကောင်လေးတစ်ယောက်ဟာ ရေကန်ထဲကငါးများကိုငါးစာချကျွေးနေလေသည်။ အဖြူရောင်ဝတ်စုံရဲ့အပေါ်မှာတော့ အပြာရင့်ရောင်ဝတ်စုံလေးကိုထက်ပြီး ဝတ်ဆင်ထားလေတယ်..ထိုကောင်လေးကိုကြည့်လိုက်တာနဲ့ မင်းမျိုးမင်းနွယ်တစ်ယောက်ဆိုတာ သိနိုင်လေသည်။

ငါးစာကျွေးနေတဲ့ကောင်လေးနောက်ကို နောက်ထက်ကောင်လေးတစ်ယောက်ရောက်လာခဲ့တယ်..ထိုကောင်လေးရဲ့ဆံပင်ဟာ ပန်းနုရောင်နဲ့ငွေရောင်လေးနှစ်မျိုးရောဆက်ထားလေတယ်..အပြုံးလေးသေးသေးလေးကိုပန်ဆင်ထားပြီး ရောက်လာခဲ့။ ငါးစာကျွေးနေတဲ့တစ်ယောက်ကို အရိုအသေပေးလိုက်ပြီး...

" သခင်ကျွန်တော်တို့လူတွေနန်းတွင်းထဲမှာ ဘာတွေဖြစ်ပျက်ခဲ့လည်းသတင်းပို့ပါတယ်.."

" ပြော..."

" ယွမ်အမတ်ကြီးကညီလာခံမှာ မင်းကြီးကိုမျိုးဆက်ယူဖို့ တိုက်တွန်းခဲ့တယ်...မင်းကြီးဒေါသထွက်ပြီးအဆောင်တွင်းမှာသောင်းကျန်းခဲ့တယ်..နောက်ပြီးမင်းကြီးရဲ့သက်တော်စောင့်ရင်းကျန်ကို ယွမ်အမတ်ကြီးလုပ်ကြံဖို့လူတွေလွှတ်ခဲ့တယ်.."

ငါးစားကျွေးနေတဲ့သူရဲ့လက်ရပ်တန့်သွားခဲ့။ မျက်ခုံးလည်းသူကိုယ်တိုင်မသိခဲ့ကြုတ်သွားခဲ့တယ်..နောက်တော့အနောက်ကိုလှည့်လိုက်ကာ သူ့ကိုပြောပြနေတဲ့သူကို....
" သူဘာဖြစ်သွားလည်း..."

" ရင်းကျန်ထိခိုက်ဒဏ်ရာမရသွားခဲ့ဘူး..ဒါပေမဲ့ကျွန်တော်တို့လူသတင်းပေးချက်အရ ရင်းကျန်ကိုလာလုပ်ကြံတဲ့သူတိုင်းလွတ်မြောက်သွားတယ်လို့ပြောတယ်..အခုသူတို့အားလုံးယွမ်အမတ်ကြီးအိမ်တော်မှာ ရှိနေကြတယ်..."

" အင်း..."
ထိုစကားတစ်လုံးသာပြောပြီးငါးစာကိုပစ်ပေးလိုက်ကာ ထွက်သွားခဲ့။ ကျန်ခဲ့တဲ့တစ်ယောက်ကတော့ ငါးစာထုတ်ကငါးစာလေးတွေကိုထုတ်ရင်း ငါးတွေကိုပစ်ကျွေးလိုက်တယ်..

" ထူးဆန်းလိုက်တာသခင်ဘယ်တုန်းကမှ စိတ်ဝင်စားတဲ့အမူအရာမပြဘူးပါဖူး..ဘာလို့ရင်းကျန်ဆိုတဲ့နာမည်ကြားတဲ့အခါ စိုးရိမ်နေရတာလည်း...ငါများစိတ်ထင်လို့လား..မဟုတ်မှသခင်ရူးသွားတာ...."

villain boss(s-3)Where stories live. Discover now