Arc-6.9

606 57 16
                                    

မိုကျားဝမ်ကြံရာပါတွေကိုဖော်ထုတ်နိုင်အောင် နောက်ကွယ်ကနေတစ်စုံတစ်ယောက် ကူညီပေးနေတာဖြစ်သည်။ ထိုသူကတော့ဝမ်ကျောက်ကျွင်းဖြစ်တယ်...တရားရုံးမှာလည်းမိုကျားဝမ်ကို သတင်းထောက်အကြောင်းပို့တဲ့သူဟာလည်း သူပဲဖြစ်သည်။ နောက်ပြီးလိုအပ်တဲ့သတင်းများလည်း ပေးပို့ခဲ့တယ်..

မိုကျားဝမ်ဟာသူ့ကိုရုံးမှာ သတင်းပေးပို့ပေးတဲ့ဖုန်းနံပတ်လေးဟာ ဝမ်ကျောက်ကျွင်းရဲ့ဖုန်းနံပတ်လေးဆိုတာ ရှောင်ပိုင်ပြောပြလို့သူသိလိုက်ရတယ်..ဒါကြောင့်သူပို့ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်း စာတွေပို့ခဲ့တယ်..တစ်ဖက်ကဝမ်ကျောက်ကျွင်းကလည်း မိုကျားဝမ်ရဲ့fan ပုံစံနဲ့စာပြန်ပို့သည်။

သူတို့နှစ်ယောက်ဟာဖုန်းကနေစာအမြဲတမ်း ပို့နေတာကြောင့်တော်တော်လေး ရင်းနှီးလာခဲ့တယ်..ဝမ်ကျောက်ကျွင်းဟာအရင်ကဆိုရင်ဖုန်းကို တစ်ခါတစ်လေမှသာကိုင်တက်တဲ့သူဖြစ်ပြီး အလုပ်ကိုသာအမြဲတမ်းလုပ်နေတက်တဲ့သူဖြစ်သည်။ သို့ပေမဲ့ယခုတော့ဝမ်ကျောက်ကျွင်းဟာ လက်ထဲကနေဖုန်းကိုမချတော့ပေ။ ဝမ်ကျောက်ကျွင်းရဲ့မန်နေဂျာလေးဆိုရင် အသံတိတ်အမြဲတမ်းငိုကြွေးနေခဲ့ရတယ်..

ဘာလို့လည်းဆိုတော့သူ့bossအမြဲတမ်းဖုန်းကိုသာ ကိုင်နေတဲ့အတွက်သူကြီးပဲအလုပ်များကို ဒိုင်ခံလုပ်နေခဲ့ရတယ်..ညဆိုင်းလည်းအမြဲတမ်းဆင်းနေခဲ့ရ။ ကံကောင်းလို့ပေါ့သူ့မှာချစ်သူမရှိတဲ့အတွက် မဟုတ်ရင်အလုပ်အမြဲတမ်းလုပ်နေရတဲ့အတွက် သူ့ချစ်သူကိုတောင်အရေးပေးနိုင်မှာမဟုတ်။ လမ်းခွဲလိုက်ရမှာသေချာနေသည်။

သူဘယ်လောက်ပဲအလုပ်များနေပါစေ သူ့ကိုလစာကောင်းကောင်းပေးတဲ့အပြင် ဘောနပ်ပါအမြဲတမ်းပေးနေတဲ့အတွက် သူပျော်မိတယ်...အလုပ်ကနေထွက်မယ်ဆိုတဲ့အတွေးကိုတောင် သူတစ်ခါမှမတွေးမိ။ ဘာလို့လည်းဆိုတော့သူ့boss ဟာသူ့အပေါ်ကောင်းတဲ့အပြင် လုပ်ရတဲ့အလုပ်နဲ့ကိုက်ညီအောင်လည်းငွေပေးတဲ့အတွက်ပေါ့။ သူ့ကိုတစ်ခြားကုမ္ပဏီတွေကလည်း ခေါ်သေးသည်။ ဒါပေမဲ့သူကတော့အသေငြင်းပြီးသူ့boss ဆီမှာသာလုပ်ခဲ့တယ်..

villain boss(s-3)Where stories live. Discover now