Arc-6.1

732 65 7
                                    

( အပေါ်ကတစ်ယောက်ကတော့ကျယ်မရဲ့သဲလေး မိုကျားဝမ် ဒီစာကိုသူ့ပိုင်ရှင်ကြီးမမြင်ပါစေနဲ့)

စားသောက်ဆိုင်တစ်ဆိုင်လေးထဲ၌ ကောင်မလေးနှစ်ယောက်ဟာကော်ဖီကို သောက်လိုက်မုန့်စားလိုက်နဲ့ပေါ့။ နှစ်ယောက်လုံးဟာသူတို့လက်ထဲကဖုန်းကိုလည်း အကြည့်မပျက်ပေ။ ထိုအချိန်မှာပဲသူတို့နှစ်​ယောက်ထဲကကောင်မလေးတစ်​ယောက်ဟာ ဒေါသတစ်ကြီးနဲ့တောက်စ်တစ်ချက်ခေါက်လိုက်သည်။

တစ်ဖက်ကသူ့သူငယ်ချင်းဟာဘာများဖြစ်တာလည်းလို့မေးလိုက်တယ်..ဒေါသထွက်နေတဲ့ကောင်မလေးကပြန်ပြီး..

" ငါအဲ့ကောင်မိုကျားဝမ်ကိုရွံလိုက်တာ..သူ့ကြောင့်သူ့အဖွဲ့သားနှစ်ယော​က်ပါ ဒုက္ခရောက်သွားတယ်လေ..သူအဲ့အဖွဲ့ထဲကနေထွက်သွားရင်ကောင်းမယ်ဟာ.."

" ဟုတ်တယ်ဟငါရောပဲ အဲ့လိုဖြစ်စေချင်တာဘာလို့ ကုမ္ပဏီကသူ့ကိုမထုတ်သေးတာလည်းမသိဘူး..အရှုံးလည်းများနေပြီလေအဲ့မိုကျားဝမ်သာထွက်သွားရင် kအဖွဲ့တော်တော်နာမည်ပြန်ကြီးမှာ.."

" ဟုတ်တယ်အခုတော့သူ့ကြောင့် အားလုံးစိတ်ဒုက္ခရောက်ရပြီ ငါ့ရဲ့ရှန်မုန်ရှီးနဲ့ဝမ်ချီ အဆင်ရောပြေပါ့မလား..."
နှစ်​ယောက်သားဟာဒေါသတစ်ကြီးနဲ့ မိုကျားဝမ်အကြောင်းကိုအတင်းတုတ်တော့သည်။

ထိုအချိန်တစ်ဖက်တစ်နေရာမှာရှိသော် တိုက်အိမ်ကြီးတစ်အိမ်ထဲမှာ လူ၅ယောက်ရှိလေသည်။ အဲ့၅ယောက်ထဲကဦးလေးအရွယ်လူကြီးဟာဒေါသတွေထွက်နေခဲ့တယ်..သူ့အရှေ့မှာထိုင်နေတဲ့ကောင်လေးသုံးယောက်ထဲက အလယ်ကတစ်ယောက်ကိုလက်ညိုးတစ်ထိုးထိုးနဲ့ဟောက်နေခဲ့တယ်..အဲ့ဒေါသထွက်နေတဲ့လူကြီးရဲ့အနောက်မှာတော့ လက်ထောက်တစ်ယောက်ရှိလေသည်။

ထိုသူကလည်းသက်ကြီးပိုင်းတစ်ယောက်သာဖြစ်တယ်..ထိုင်နေတဲ့ကောင်လေးသုံးယောက်ကတော့ငယ်ငယ်ချောလေးများသာဖြစ်တယ်..အလယ်ကကောင်လေးဟာသူ့ကိုလက်ညိုးထိုးပြီးပြောနေတာကို ခေါင်းငုတ်ကာငြိမ်နေတော့သည်။ ကြာလာတော့အဲ့ကောင်လေးရဲ့ဘေးနားကနှစ်ယောက်ဟာ သည်းမခံနိုင်တော့တာကြောင့် ထိုလူကြီးစကားကိုဖျက်ပြောတယ်..

villain boss(s-3)Where stories live. Discover now