Arc-5.8

711 72 13
                                    

" အယ်...ဂရမ်နစ်မင်းနှုတ်ခမ်းကအကောင်ကိုက်သွားတာလား.."
လေအပြင်းများကြောင့် လွှင့်စင်သွားတဲ့ဆေးပင်တွေအားလုံးကို ကောင်ယူပြီးမလိုအကုန်အထဲ ပြန်ဝင်လာခဲ့တယ်..ဂရမ်နစ်ကိုကုသပေးနေခဲ့တဲ့ ဆရာဝန်တစ်ယောက်ဟာဂရမ်နစ်ရဲ့နှုခမ်း ရဲနေတာကြောင့် မေးမြန်းလိုက်တာဖြစ်သည်။

ဂရမ်နစ်ဟာသူခိုးလူမိခံလိုက်ရတဲ့ပုံဖြစ်သွားပြီး ရှက်သွေးဖြာသွားခဲ့..စကားထစ်ထစ်ငေါ့ငေါ့နဲ့..

" ဟုတ်..ဟုတ်တယ်ခုနကကျွန်တော်အိပ်နေတုန်း အကောင်အကြီးအကြီးလာကိုက်သွားတာ.. "

" အဲ့အကောင်မှာအဆိပ်ရှိတာလားမသိဘူး မင်းမျက်နှာနီတောင်နီနေတယ်.."

"....."
ထိုသို့အပြောခံလိုက်ရတော့ ပိုပြီးတော့တောင်မျက်နှာနီလာခဲ့တယ်..ဘေးနားကရှောင်ပိုင်ကတော့ သူ့bossကိုလက်ညိုးထိုးပြီး တစ်ခွီခွီနဲ့သာရယ်နေတော့သည်။ တကယ်တော့သူနဲ့စတာဗစ်(ခ်)တို့ အကြာကြီးနမ်းလိုက်တဲ့အတွက်ကြောင့် သူ့နှုတ်ခမ်းရဲလာတာဖြစ်တယ်..

ဒါတောင်သူတားလိုက်တဲ့အတွက်ကြောင့် ဒီလောက်လေးသာရဲနေတာဖြစ်တယ်..ထက်ပြီးသာအနမ်းခံနေရမယ်ဆိုရင် သူ့နှုတ်ခမ်းယောင်ကိုင်းနေမှာသေချာသည်။

လွန်ခဲ့တဲ့အချိန်အနည်းငယ်လောက်က...ဂရမ်နစ်ဟာမောပန်းလာလို့ စတားဗစ်ခ်ရဲ့ပေါင်ပေါ်မှာ ထိုင်ပြီးအနားယူနေခဲ့တယ်..စတားဗစ်(ခ်)ကတော့ငြိမ်ငြိမ်မနေပဲ ဂရမ်နစ်ရဲ့လက်ကိုထက်ထက်ခါခါနမ်းနေခဲ့တယ်..ဒါတင်မကသေးဂရမ်နစ်ရဲ့ ပုခုံးပေါ်လေးမှာမေးလေးတင်ပြီး ကပ်ချွဲနေခဲ့။

ဂရမ်နစ်ဟာရိုဟက်(စ်)ကိုစိတ်ညို့ယူနေတုန်းက သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေမှန်း သူသိခဲ့တယ်...အဲ့သူဟာစတားဗစ်(ခ်)များဖြစ်နေမလားလို့သူ..

" စတားဗစ်(ခ်) ဘယ်အချိန်ထဲကကျွန်တော်ကိုစောင့်ကြည့်နေတာလည်း.."

" ကိုယ်တို့တွေ့ဆုံခဲ့တဲ့အချိန်ထဲက..ကိုယ်နစ် ကြောင်းကိုစုံစမ်းခဲ့တယ်လေ..နစ်ရဲ့အကြောင်းကို ကိုယ်အားလုံးသိတယ်.."

" ညို့ယူနိုင်စွမ်းရှိတဲ့သူဆိုတာကိုရောလား.."

" အဲ့အကြောင်းကိုတော့ကိုယ်ခုနကမှတွေ့လိုက်တာ..."

villain boss(s-3)Where stories live. Discover now