Arc-5.6

708 75 15
                                    

( ဒါကတော့နောက်ထက်ဇာတ်လိုက် ရိုဟက်စ်)

မင်းသားစတားဗစ်(ခ်)ပြန်လာပြီဆိုတာကို ပြည်သူအားလုံးလည်းသိရော အရင်ကအကြောင်းတွေကိုပါပြောလာကြတယ်..မင်းသားစတားဗစ်(ခ်)ရဲ့အမေဘက်ကအမျိုးတွေဟာ ထီးနန်းလုဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်တဲ့အကြောင်းရော သားဖြစ်သူကိုမေတ္တာရှိသေးလို့မသတ်ခဲ့တဲ့အကြောင်းရော မင်းသားစတားဗစ်(ခ်)ကိုသေသင့်တယ်ဆိုပြီး ပြောကြတယ်..

အဲ့အကြောင်းတွေဟာ ဂရမ်နစ်ရဲ့နားထဲကိုရောက်လာခဲ့တယ်..ဂရမ်နစ်ဟာသူ့လင်ကိုမကောင်းကြောင်းပြောကြတဲ့အတွက် ဒေါသတွေထွက်နေတော့တယ်..ဒီအတော်အတွင်းအဲ့အကြောင်းအမြဲတမ်း ကြားနေရတာကြောင့် ခဏခဏဒေါသတွေထွက်ထွက်လာခဲ့တယ်..

" လီးပဲ..အားရားနေကျတာလားမသိဘူးငါ့လင်ကိုပဲမကောင်းပြောကြတယ်..ကိုယ့်မျက်ချီးကျတော့မမြင်ဘူး သူများမျက်ချီးကျတော့တွေ့ကြတယ်..တော်တော်ကောင်းတဲ့လူတွေပြောတဲ့သူတိုင်းကို သတ်ပြစ်လိုက်ရလို့..တောက်စ်..အားရားနေကျရင်လည်းကိုယ့်အတင်းကိုပြောကြပါလား..သူများကိုပြောဖို့ပဲသိတယ်.."

ဂရမ်နစ်ဟာဒေါသထွက်ထွက်နဲ့ အသံကျယ်ကြီးပြောနေတော့သည်။ ကံဆိုးချင်တော့ဂရမ်နစ်ပြောနေတာကို အောတစ်(ခ်)ကြားသွားခဲ့တယ်..

" မင်းဘယ်သူ့ကိုကျိန်ဆဲနေတာလည်း..."
အောတစ်(ခ်)ရဲ့အသံကြောင့် ဂရမ်နစ်လန့်သွားခဲ့တယ်..အောတစ်(ခ်)ဟာသူ့အနောက်မှာဖြစ်တာကြောင့် သူ့မျက်နှာအမူအရာကိုချက်ချင်းပြောင်းလိုက်ပြီး ပြုံးရယ်ပြီး..

" အိမ်ရှေ့စံမင်းသား..ကျွန်တော်ကျိန်ဆဲနေတာမဟုတ်ပါဘူး..ဒီတိုင်းအော်ဟစ်ပြောလိုက်ရင်စိတ်ထဲပေါ့တယ်ဆိုလို့ ပြောနေတာလား..."

" သြော်..မင်းအစွမ်းတွေအခုထိသုံးလို့ရသေးတာလား.."

" ဟုတ်..သုံးလို့ရပါတယ်ကြည့်ရတာကျွန်တော်သေတဲ့အထိ သုံးနိုင်ပြီထင်တယ်..ကျွန်တော်အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးအရမ်းတင်မိတယ်.."

" အဲ့မိန်းကလေးကိုမှတ်မိပြီလား..."

" ကံဆိုးချင်တော့ကျွန်တော်စဥ်းစားလို့မရဘူး..ဒါနဲ့အိမ်ရှေ့စံမင်းသားကျွန်တော်ကိုခိုင်းစရာရှိလို့များလား.."
အောတစ်(ခ်)ကိုစူးစမ်းတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်တယ်...

villain boss(s-3)Where stories live. Discover now