Arc-5.14

576 59 11
                                    

လီခါဟာလွန်ခဲ့သော်တစ်နှစ်ခန့်မှာတုန်းမှာ သူ့ကိုအနာဂတ်အကြောင်းပြောပြခဲ့တာတွေအားလုံးကို ပြောပြတော့သည်။

" အနာဂတ်မှာငါကဘုရင်ဖြစ်လာမဲ့သူလို့ပြောတယ်..ငါအစကမယုံကြည်ဘူး..ဒါပေမဲ့သူအနာဂတ်မှာဖြစ်လာမဲ့အရာတစ်ချို့ကို ပြောပြတော့ငါသူ့ကိုယုံကြည်ပြီး သူနဲ့ပူးပေါင်းခဲ့တာ..သူလုပ်ခိုင်းတာတွေကိုလည်းငါ့အတွက်အကျိုးရှိမယ်ထင်ပြီး လုပ်ပေးခဲ့တာ..သူပထမဦးလုပ်ခိုင်းတာကမင်းတို့မိသားစုကိုသတ်ခိုင်းတာ..အကြောင်းအရင်းကိုတော့ငါလည်းမသိဘူး..ငါ့အတွက်အရေးမကြီးလို့မမေးခဲ့တာ..

မင်းမိဘနှစ်ပါးသေခဲ့ပေမဲ့မင်းကတော့ အသက်ရှင်ခဲ့တယ်...သူကမင်းအသက်ရှင်နေသေးလို့ငါ့ကိုထက်သတ်ခိုင်းသေးတယ်..ငါကလည်းသူဖြစ်စေချင်တဲ့အတိုင်းမင်းကိုသတ်ဖို့ လုပ်ကြံသူတွေလွှတ်ခဲ့တယ်..ဒါပေမဲ့မင်းကံကောင်းသွားပြီးအသက်ရှင်ခဲ့တယ်..မင်းကိုစရန်တီနာကုသပေးလိမ်မယ်လို့ငါမထင်ထားဘူး.."

" ငါ့ကိုကုသပေးတာစရန်တီနာမဟုတ်ဘူး.."
ဂရမ်နစ်ထိုသို့ပြောလိုက်ရောလီခါအံသြသွားခဲ့တယ်..အောတစ်(ခ်)ကလည်းအံသြသွားပြီး အသက်မဲ့နေတဲ့စရန်တီနာကိုလှည့်ကြည့်လိုက်တယ်..

" ဒါပေမဲ့..သူ..သူပြောတာတော့မင်းကိုသူကယ်ခဲ့တာဆို..."

" သူပြောတိုင်းယုံရအောင်ခင်ဗျားစောက်ရူးလား..သူပြောတဲ့စကားတိုင်းကအမှန်များထင်နေတာလား...တစ်ခါတစ်လေဦးနှောက်ကိုလည်းအသုံးပြုအုန်း.."

" မဖြစ်နိုင်တာမင်းပြောတော့ သစ်ခွပန်းအနံ့ရတယ်ဆို..အဲ့ပန်းအနံ့ကစရန်တီနာဆီမှာပဲရှိနေတာလေ.."
ပြောလိုက်တဲ့သူအောတစ်(ခ်)ဖြစ်သည်။

" ငါတမင်သတ်သတ်လိမ်ပြောလိုက်တာ..ငါ့ကိုဘယ်သူမှလည်းကယ်ခဲ့တာမဟုတ်ဘူး...လုပ်ကြံသူတွေရဲ့အဆိပ်ကိုငါဖြေနိုင်ခဲ့တယ်..ငါ့ကိုဘယ်သူကများသေစေချင်တာလည်းသိချင်လို့ ကုသသူကြောင့်ဆိုပြီးပြောခဲ့တာ..သစ်ခွပန်းအနံံ့ဆိုတာကငါ့ရဲ့လုပ်ကြံဇာတ်ပဲ..ဒါပေမဲ့တစ်ချို့ကတော့လူအထင်ကြီးတာခံချင်တော့ ငါ့ရဲ့လုပ်ဇာတ်ကိုသုံးသွားတာလေ.."

villain boss(s-3)Where stories live. Discover now