Arc-4.15(end)

943 86 24
                                    

" ကလေးဒီမှာကလေးကြိုက်တဲ့မုန့်တွေ ဦးဝယ်လာတယ်..ကလေးထစားအုန်းနော်..မဟုတ်ရင်အေးကုန်မယ်..."

"....."

" ကလေးဦးကိုမရက်စက်ပါနဲ့..ဦးမှာကလေးပဲရှိတာလေကလေးအိပ်နေရင်..ဦးဘယ်လိုလုပ်မရလဲ..ကလေးကျေးဇူးပြုပြီးထလာပါတော့...ကလေးအိပ်နေတာနှစ်လတောင်ရှိပြီနော်..ဦးအတွက်ကလေးမရှိတဲ့နှစ်လကဘယ်လောက်တောင်မှ ဒုက္ခရောက်လိုက်လည်း..နှစ်နှစ်ဆယ်လောက်ကြာသွားသလိုပဲ..ကလေးကျေးဇူးပြုပြီးနိုးထလာပါတော့..."

"....."

ဆေးရုံတစ်ခု၌VIPအခန်းလေးထဲတွင် လူနာကုတင်ပေါ်လေးမှာအိပ်ပျော်နေသလို ကောင်လေးတစ်ယောက်ရှိတဲ့အပြင် ထိုကောင်လေးဘေးနားမှာငိုကြွေးနေတဲ့လူတစ်ယောက်လည်းရှိတယ်..ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်လေးဟာကျန်းလီခန့်ဖြစ်ပြီး..ငိုကြွေးနေတဲ့သူကတော့ပိုင်မင်သာဖြစ်သည်။

ကျန်းလီခန့်နှလုံးကိုဓားထိုးခံရတုန်းက မသေပေမဲ့ကိုမာဝင်သွားခဲ့တယ်..ယခုဆိုရင်နှစ်လတောင်ရှိပြီဖြစ်သည်။ ပိုင်မင်ဟာနေ့ညမပျက်ကျန်းလီခန့်ဆီကိုသာ ခဏခဏလာခဲ့တယ်..ကျန်းလီခန့်ကြိုက်တဲ့မုန့်များကိုလည်းဝယ်ဝယ်လာခဲ့တယ်..ကျန်းလီခန့်ထမစားနိုင်သေးတာသိပေမဲ့ဝယ်လာတုန်း..နောက်ဆုံးတော့လည်းထိုမုန့်များဟာအမှိုက်ပုံးထဲကိုရောက်သွားတော့တာပဲ။

ကျားဟုန်ချီးနဲ့ယွီဇီရွှင်းတို့ကလည်းနေ့မပျက် ကျန်းလီခန့်ဆီကိုလာလာကြည့်ကြတယ်..ကျောင်းကဆရာတွေရောကျန်းလီခန့်အရင်သူငယ်ချင်းသုံးယောက်ရော မကြာခဏလာလာခဲ့။ ကျန်းလီခန့်မိဘနှစ်ပါးဆိုရင်လည်းအရင်ကလိုအပြုံးတွေမရှိတော့ပေ။ သူတို့သားလေးကိုမာဝင်သွားထဲက တည်ကြည်သွားခဲ့ကြတယ်..ပိုင်မင်ဆိုရင်ကျန်းလီခန့်ဒီလိုဖြစ်သွားထဲက အရင်ကထက်ပိုပြီးအေးစက်ပြီးကြောက်ဖို့ကောင်းလာခဲ့တယ်..

ရှောင်းဟွေ့ကတော့ရူးသွားတဲ့အတွက်အရူးထောင်ကိုပို့ခဲ့ရတယ်..သူ့ကိုယ်သူဇာတ်လိုက်ဆိုတဲ့စကားကိုသာခဏခဏပြောပြီး တခြားအရူးတွေကိုလည်းနှောက်ယှက်ပေးခဲ့တယ်..

villain boss(s-3)Where stories live. Discover now