Arc-3.7

1K 108 18
                                    

( အပေါ်ကတစ်​ယောက်ကတော့ ဇာတ်လိုက်ဖုန်းကူချီပါ)

ကျွန်တော်ရဲ့ဘဝဟာသခင်လေးကိုစောင့်ရှောက်ရင်းအချိန်ကုန်ဆုံးခဲ့တယ်..ကျွန်တော်အတွက်ပျော်ရွင်မူ့ဆိုတာဘာမှန်းမသိဖြစ်ခဲ့ရတယ်..အဲ့ဒါတွေကကျွန်တော်ထူးဆန်းတဲ့အိမ်မက်မမက်ခင်အချိန်ထိပေါ့။ ထူးဆန်းတဲ့အိမ်မက်တွေစမက်ထဲက ကျွန်တော်အတွက်အရေးပါတဲ့လူကိုစောင့်နေမိတယ်...ကျွန်တော်သခင်လေးနဲ့အတူတစ်ဖက်နိုင်ငံကိုရောက်သွားခဲ့တယ်..နန်းတော်ထဲရောက်ရောက်ချင်းမသိစိတ်ထဲကနေ တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေခဲ့တယ်..

ကျွန်တော်ရဲ့စိတ်ကိုတစ်စုံတစ်ယောက်က ထိန်းချုပ်နေသလိုကျွန်တော်ခံစားရတယ်..ကျွန်တော်ကိုယ်တိုင်မသိခင်အချိန်မှာပဲ သခင်ကိုခွင့်တောင်းပြီးနေရာတစ်ခုကိုရောက်သွားခဲ့တယ်..ထူးဆန်းတာကအဲ့နေရာမှာသာမန်နဲ့ကွာခြားတာဘာမှမရှိဘူး..ကျွန်တော်ပြန်မလို့ပဲရှိသေးကျွန်တော်ရဲ့အမြင်အာရုံကို တစ်စုံတစ်ယောက်ဖမ်းစားသွားခဲ့တယ်..

မိန်းကလေးတွေရှုံးရလောက်တဲ့အထိအရမ်းလှတဲ့ကောင်လေးတစ်ယောက်။ အဲ့ကောင်လေးကမိန်းကလေးဝတ်စုံကိုဝတ်ထားပေမဲ့ သူကယောကျာ်းလေးတစ်ယောက်ဆိုတာ ကျွန်တော်သိနေမိတယ်...ကျွန်တော်သူ့ရဲ့လှုပ်ရှားမူ့တွေတစ်ခုချင်းဆီကိုကြည့်နေမိတယ်..အဲ့ကောင်လေးဟန်ဆောင်တာတော်တော်လေးတော်တယ်..သူများတွေအမြင်ကတော့အခုမှနန်းတွင်းထဲရောက်ဖူးတဲ့ပုံစံမြင်ပေမဲ့ ကျွန်တော်အမြင်ကတော့ဟန်ဆောင်နေတာကိုပဲမြင်တယ်..

တော်တော်လေးချစ်ဖို့ကောင်းပြီးအသဲယားဖို့လည်းကောင်းတယ်...အဲ့ကောင်လေးသွားတဲ့နောက်ကိုအနောက်ကနေလိုက်နေမိတယ်..သူ့ရဲ့လှုပ်ရှားမူ့တွေကိုအသေးစိတ်ကအစကြည့်နေမိတယ်..တစ်ယောက်ထဲပွစိပွစိပြောနေတဲ့နှုတ်ခမ်းလေးကလည်း နမ်းချင်စရာလေး..အဲ့ကောင်လေးလူတစ်ယောက်နဲ့တိုက်မိသွားတယ်..နှဖူးလေးနာသွားမလားလို့တောင်ကျွန်တော်စိုးရိမ်သွားတယ်..

အဲ့ကောင်လေးနဲ့တိုက်မိတဲ့တစ်ယောက်ကတစ်ခြားသူမဟုတ်ဘူး..နာမည်ဆိုးနဲ့ကျော်ကြားတဲ့မင်းသား။ ကျွန်တော်စိတ်ရှိတိုင်းဆိုရင်အဲ့ကောင်လေးကိုလက်ဆွဲခေါ်ပြီး ထွက်သွားချင်တယ်..ဒါပေမဲ့ကောင်လေးရဲ့အကြည့်တွေကြောင့်ကျွန်တော်ငြိမ်နေလိုက်တယ်..အဲ့ကောင်လေးရဲ့အကြည့်တွေဟာပစ်မှတ်တစ်ခုကိုမြင်ပြီး ပျော်ရွင်သွားတဲ့အကြည့်မျိုးတွေ..သေချာတာတစ်ခုကတော့မင်းသားကိုအဲ့ကောင်လေးတစ်ခုခုလုပ်တော့မယ်ဆိုရင် တန်းသိတယ်..

villain boss(s-3)Where stories live. Discover now