Arc-2.9

1.1K 122 20
                                    

ဟန်မြောင်ဂမ်ဇာတ်ကြောင်းတစ်ချို့ကို ထက်သိလိုက်ရတော့ သူမုန်းမိနေတဲ့သူကိုတောင်မမုန်းနိုင်တော့ဘူး။ သနားတဲ့စိတ်တွေဝင်ရောက်လာခဲ့တယ်..

' boss သူသနားဖို့တော့ကောင်းတယ်နော်...'

' အင်း..သူ့ကိုအလင်းရောင်လေးပေးတဲ့ငါ့အဖေကို အရမ်းချစ်သွားတာမဆန်းပါဘူး..သူ့မိသားစုမှသူ့ကိုဂရုမစိုက်ကြတာ..'

' ကျွန်တော်လည်းအစကသူ့ကိုတော်တော်ကြည့်မရဘူး ဇာတ်ကြောင်းအပြည့်အစုံကို သိလိုက်မှတော်တော်လေးသနားမိတာ..'

' ဒါဆိုရင်သူနဲ့ဇာတ်လိုက်မဘာမှမတော်ဘူးပေါ့..'

' မတော်ဘူးလေမွေးစားထားပါတယ်ဆိုမှ ဘယ်တော်ပါ့မလဲ..'

' ဒါဆိုရင်ဘာဆက်လုပ်သင့်လည်း ...'

' Boss နဲ့ပဲဆိုင်သွားပြီ ကျွန်တော်နဲ့မဆိုင်ဘူး..'

' အကျင့်ပုတ်..ငါ့လင်ရော...'

' ဝေါ့...အန်တောင်အန်ချင်တယ်..ဟွန့်..bossလင်boss ကိုလိုက်ရှာနေတယ်..'

' သြော်...ငါရှိတဲ့တည်နေရာကိုလှမ်းပို့လိုက်..'

' ဘာလို့ပို့ရမှာလည်း bossဘာသာဘယ်လိုလွတ်အောင်လုပ်ရမလဲမစဥ်းစားဘူး သူများလာကယ်မှာကိုထိုင်စောင့်နေတယ်..အရင်ကဆိုရင်ကျွန်တော်အဲ့လိုမျိုးကူညီပေးတယ်..ဒါပေမဲ့ဒီတစ်ခါတော့noပါ ကိုယ့်ဘာသာလွတ်အောင်ကြိုးစား..'

' စောက်ကျင့်..'

' မင်းမေကြီးတော်ပဲစောက်ကျင့်ယုတ်..'

' ....'

' ကျွန်တော်ကိုဆဲနေမဲ့အစားလွတ်မြောင်အောင်လုပ်...'

ရှောင်ပိုင်ပိတ်ဟောက်လိုက်မှ ဟန်မြောင်ဂမ်ကြိုးတွေပြေအောင်ရုန်းကန်နေတော့သည်။ ရှောင်ပိုင်ကတော့လက်ပိုက်ရင်း သူ့boss ဘယ်လိုလွတ်အောင်လုပ်မလဲစောင့်နေတော့တယ်...အမြဲတမ်းသူ့ကိုအားကိုးနေလို့မှမရတာ..မဟုတ်ရင်သောက်ပျင်းကြီးတဲ့တစ်ယောက်ဖြစ်သွားနိုင်တယ်..ဒါ့ကြောင့်ရှောင်ပိုင်မကူညီပဲ နေနေတာဖြစ်သည်။

ဟန်မြောင်ဂမ်ကြိုးပြည်အောင်ရုန်းကန်နေပေမဲ့လည်း မရပေ။ အနီးအနားမှာချွန်ထက်တဲ့အရာဘာများရှိလည်းဆိုပြီး လိုက်ကြည့်နေတဲ့အချိန် အနည်းငယ်ချွန်နေတဲ့သစ်သားကိုသူတွေ့လို​က်တယ်..အဲ့သစ်သားဟာသူနဲ့ဆယ်ပေအကွာမှာရှိသည်။ သူ့အတွက်ဝေးလွန်းတယ်..ဒါပေမဲ့လည်းသူလွတ်မြောက်အောင်လုပ်ရမဲ့အတွက်ကြောင့် အဲ့နေရာကိုမရမကသွားနေတော့တယ်..

villain boss(s-3)Where stories live. Discover now