Arc-3.9

952 98 37
                                    

ချောင်ဟိုင်နဲ့ယန်ဟာအရင်ကထက်ပိုပြီးရင်းနှီးလာခဲ့တယ်..ချောင်ဟိုင်ကယန်နားကိုတစ်ချိန်လုံးကပ်နေခဲ့ပြီး သူ့သခင်လေးဆီတောင်မသွားပေ။ သူ့သခင်လေးကလည်းချောင်ဟိုင်ကိုလွှတ်ထားပေးလိုက်တယ်..သခင်လေးဖြစ်သူဖုန်းကူချီကလည်းလူတစ်ယောက်ကိုလိုက်ရှာနေခဲ့တာဖြစ်တယ်..ဖုန်းကူချီလိုက်ရှာနေတဲ့သူဟာလင်းချန်သာဖြစ်သည်။

လင်းချန်ကိုဟိုနေ့ထဲကတွေ့ပြီးအမြဲတမ်းပြန်တွေ့ချင်နေတာကြောင့် သူတွေ့ခဲ့ရတဲ့နေရာမှာအမြဲတမ်းနေနေခဲ့တယ်..ဒါပေမဲ့သူမျှော်လင့်ထားသလိုမတွေ့ခဲ့ရဘူး။ ချောင်ဟိုင်ကိုရှာဖို့အကူအညီတောင်းလို့ရပေမဲ့ ချောင်ဟိုင်ဟာမိုးလင်းထဲကပျောက်ပျောက်သွားတာကြောင့် သူဒီတိုင်းလွှတ်ထားပေးလိုက်ပြီးကိုယ့်ဘာသာလိုက်ရှာနေခဲ့တယ်..ဒါပေမဲ့ယခုထိတော့သူရှာမတွေ့ခဲ့ဘူး။

ညမှောင်ရောဖုန်းကူချီစိတ်ပျက်လက်ပျက်နဲ့ ပြန်တဲ့အချိန်သူတွေ့ချင်နေခဲ့တဲ့ သူကိုသူတွေ့ခဲ့ရတယ်..လင်းချန်တစ်ယောက်ထဲခေါက်ဆွဲပြုတ်ကိုထိုင်စားနေတာဖြစ်သည်။ ဖုန်းကူချီဟာရှာတွေ့သွားပေမဲ့ဘယ်ကနေဘယ်လို အနားကပ်ရမလဲမသိတာကြောင့်အဝေးကနေကြည့်နေခဲ့တယ်...

လင်းချန်ဟာသူ့ဘာသာစားနေရင်းတစ်ယောက်ယောက်ကြည့်နေတယ်လို့ ခံစားမိတာကြောင့်သူ့ဘေးပတ်လည်ကိုလိုက်ကြည့်မိတယ်..သူ့ကိုကြည့်နေတဲ့တစ်ယောက်ကိုသူတွေ့သွားခဲ့။ လင်းချန်ထင်တာကထိုသူဟာသူစားနေတဲ့ခေါက်ဆွဲပြုတ်ကိုစားချင်လို့ ကြည့်နေတာဖြစ်မယ်လို့ထင်သွားခဲ့။ ချက်ချင်းသနားတဲ့အကြည့်တွေနဲ့သူ့ကိုကြည့်နေတဲ့တစ်ယောက်ကိုပြန်ကြည့်လိုက်တယ်..

ဖုန်းကူချီ-....
အယ်??...အယ်..ဘာလို့ငါ့ကိုသူလေးကသနားတဲ့အကြည့်တွေနဲ့ကြည့်နေတာလည်း ငါ့ရုပ်ကအဲ့လောက်တောင်သနားစရာကောင်းနေလို့လား...

ဖုန်းကူချီတွေးပြီးသူ့ကိုယ်သူပြန်ငုတ်ကြည့်ပြီး စစ်ဆေးတော့တယ်..လင်းချန်ကတော့ဆိုင်ရှင်ကိုခေါက်ဆွဲနောက်တစ်ပွဲမှာလိုက်ပြီး ဖုန်းကူချီဆီသွားတော့သည်။ ဖုန်းကူချီဟာသူ့ဆီကိုလျှောက်လာတဲ့သူ့ကိုငေးကြည့်ပြီး ရပ်နေလေတယ်..သူ့ရင်ထဲတော်တော်လေးဗျောင်းဆန်နေတာသူသာသိသည်။

villain boss(s-3)Where stories live. Discover now