Arc-8.3

273 27 10
                                    

မနက်ခင်းနေရောင်ခြည်လေးဟာ နေရာအနှံ့ဖြာထွက်နေခဲ့။ လူများစွာကလည်းအိပ်ရာကနေနိုးထလာခဲ့ပြီး ကိုယ့်ရဲ့တစ်နေ့သာအလုပ်များကိုလုပ်ကိုင်နေကြတော့သည်။ ယွမ်အမတ်ကြီးအိမ်တော်ထဲမှာတော့ အစေခံများဟာသူတို့လုပ်ကိုင်နေသမျှကို အမှားယွင်းမရှိအောင် လုပ်နေကြရသည်။ ယွမ်အမတ်ကြီးကတော့အစည်းအဝေးတက်ဖို့ ပြင်ဆင်နေခဲ့တယ်..

အဲ့အချိန်မှာပဲလူတစ်စုဟာ ယွမ်အမတ်ကြီးနောက်ရောက်လာပြီး ဒူးထောက်ကာအရိုအသေပေးတော့သည်။ ယွမ်အမတ်ကြီးကရောအနောက်တောင်လှည့်မကြည့်ပဲ..

" သူသေသွားပြီလား.."

" တောင်းပန်ပါတယ်သခင်ကြီး..ကျွန်တော်တို့လုပ်ကြံတာမအောင်မြင်ခဲ့ပါဘူး..ရင်းကျန်ရဲ့အတိုက်အခိုက်စွမ်းအားက ကျွန်တော်တို့ထက်တောင်သာလွန်တော့..."

" မင်းတို့...တောက်စ်..လူတစ်ယောက်လေးကိုတောင်မသတ်နိုင်ကြဘူး...ထွက်သွားစမ်းငါ့မျက်စိရှေ့ကနေအခုချက်ချင်း ထွက်သွား!!! .."

လူတစ်စုဟာမြန်မြန်သွက်သွက်ဖြင့် ထွက်သွားကြ။ ယွမ်အမတ်ကြီးရဲ့ဝတ်စုံကိုပြင်ဆင်နေတဲ့ အစေခံမလေးတွေကတော့လက်တွေတုန်နေလေတယ်..ယွမ်အမတ်ကြီးရဲ့ဒေါသသူတို့ဘက်လှည့်လာမှာကို ကြောက်ရွံနေကြတာဖြစ်သည်။ အစေခံမလေးဟာလက်ချောပြီးယွမ်အမတ်ရဲ့ ရင်ဘက်ကိုရိုက်မိသွားခဲ့။

အစေခံမလေးဟာချက်ချင်းဒူးထောက်ပြီး သူ့ကိုခွင့်လွှတ်ပေးဖို့တောင်းဆိုတော့သည်။ ယွမ်အမတ်ကြီးကတော့သူ့ရဲမက်လက်ထဲက ကြာပွတ်ကိုယူလိုက်ပြီး ထိုအစေခံမလေးကိုရိုက်ပါရော။ ကျန်တဲ့သူတွေဟာဒူးထောက်ပြီးကုန်းကုန်းနဲ့နေကြတော့တယ်..အရိုက်ခံနေရတဲ့အစေခံမလေးကတော့ မရိုက်တော့ဖို့နဲ့လွှတ်ပေးပါလို့အသေအလဲ အော်ပြောတော့တယ်..ယွမ်အမတ်ကတော့အံကိုကြိတ်ပြီးထက်ထက်ခါခါရိုက်နှက်တော့သည်။

ခဏအကြာမှာပဲအစေခံမလေးရဲ့ အော်သံဟာတိတ်သွားခဲ့တယ်..ကိုယ်ကလည်းမလှုပ်မရပ်ပဲတောင့်တောင့်ကြီးဖြစ်သွားခဲ့။ ထိုအခါမှယွမ်အမတ်လည်းရိုက်နေတာကိုရပ်လိုက်ပြီး ကြာပွတ်ကိုပြစ်ချလိုက်တယ်..လက်ဝှေ့ပြရင်း..

villain boss(s-3)Where stories live. Discover now