Arc-2.12(end)

1.2K 122 24
                                    


နှစ်နှစ်ကြာပြီးနောက်...

ဒုန်း...

" ခင်ဗျားတို့အားလုံးစောက်သုံးမကျကြဘူး..အလုပ်ကိုဘယ်လိုလုပ်နေတာလည်း.."

"......"

ကုမ္ပဏီတစ်ခု၌ရှိသော်အစည်းအဝေးခန်းထဲ၌ အော်ဟစ်ဆူပူနေတဲ့ကောင်လေးရှိသည်။ ထိုကောင်လေးဟာသူ့အရှေ့မှာ ခေါင်းငုတ်ကာထိုင်နေတဲ့လူများကို လက်ညိုးထိုးပြီး ဆူပူကြိမ်းမောင်းနေခဲ့တယ်..သူဟာအသက်၂၀ ကျော်လောက်သာရှိလောက်တယ်..သူ့အရှေ့ကအဆူခံရတဲ့သူတွေကတော့ ၄၀ ကျော်၅၀ ကျော်ရှိသော်လူကြီးများသာဖြစ်တယ်..

ထိုကောင်လေးဟာနာရီဝက်လောက် ဆူပူကြိမ်းမောင်လို့လည်းပြီးရော အပြင်ကိုထွက်သွားဖို့လုပ်တယ်..တံခါးနားလည်းရောက်ရော ထိုလူတွေကိုတစ်ချက်ကြည့်ပြီး..

" ကုမ္ပဏီကဟာတွေကိုခိုးစားနေတဲ့သူတွေ သတိထားနေ ငါမသိဘူးမထင်နဲ့ ငါလွှတ်ထားပေးတဲ့အတွက်ရောင့်တက်မလာနဲ့..ငါမင်းတို့ကိုအခွင့်အရေးပေးထားတာ..အဲ့အခွင့်အရေးကိုကောင်းကောင်းအသုံးချ မဟုတ်ရင်..."
အနောက်ကစကားကိုဆက်မပြောပေမဲ့ သူပြောချင်နဲ့ အဓိပ္ပာယ်ကိုအားလုံးနားလည်ကြသည်။

သူပြောလည်းပြီးရောအနောက်ကိုတစ်ချက်လေးတောင်မကြည့်တော့ပဲ ထွက်သွားတော့သည်။ ထိုကောင်လေးအစည်းအဝေးခန်းမထဲကထွက်သွားတဲ့အခါမှ ကျန်ခဲ့တဲ့သူတွေသက်ပျင်းချလို့ချ၊ ရေသောက်လို့သောက်နဲ့ စိတ်သက်သာရာရသွားခဲ့ကြတယ်..ထိုအချိန်လူတစ်​ယောက်ဟာ ခုံကိုရိုက်လိုက်ပြီး..

" တောက်စ်...အဲ့ကောင်လေးကလူကြီးကိုလူကြီးမှန်းမသိဘူးလား.."

" အဲ့ကောင်လေးလို့မခေါ်နဲ့ bossလို့ခေါ်.."
ဆိုပြီး အသက်၅၀ ကျော်လောက်ရှိတဲ့အဘိုးကြီးတစ်ယောက်ဟာထပြောလိုက်တယ်..

" ဘာလို့ခေါ်ရမှာလည်း သူကိုငါ့ထက်ငယ်တဲ့ဟာ.."

" ငယ်တယ်...ဟားဟား..သူကငါတို့ထက်ငယ်ပေမဲ့ ဦးနှောက်ကတော့မငယ်ဘူး..သူကုမ္ပဏီကို၂နှစ်လောက်ပဲ အုပ်ချုပ်ရသေးတာနော်..ဒီနှစ်နှစ်အတွင်းပြောင်းလဲသွားတာတွေကို မင်းမြင်တယ်မှတ်လား..အခုဆိုရင်ကုမ္ပဏီကိုတခြားနိုင်ငံတွေကပါ မျက်စိကျနေပြီ မင်းပြောစမ်းပါအုန်းမင်းဆိုရင်ရောနှစ်နှစ်အတွင်း သူလုပ်တဲ့အတိုင်းလုပ်နိုင်လား..."

villain boss(s-3)Where stories live. Discover now