Arc-5.9

671 73 5
                                    

စရန်တီနာဟာအောတစ်(ခ်)နဲ့ တွေ့ပြီးလာခဲ့တယ်..စရန်တီနာတော်တော်လေးဒေါသထွက်နေခဲ့တယ်..ဘာလို့လည်းဆိုတော့ဂရမ်နစ်မသေသေးဘူးဆိုတာ သိလိုက်ရတဲ့အတွက်ပေါ့။ သူထင်တာကမနေ့ညမှာပဲ ဂရမ်နစ်သေသွားပြီလို့ထင်နေခဲ့တယ်..ဒါပေမဲ့အခုထိမသေသေးဘူးဆိုတာ သိလိုက်ရတာကြောင့် သူအကျပ်ရိုက်သွားခဲ့တယ်...

သူ့အခန်းလည်းရောက်ရောလူစိမ်းတစ်ယောက်ကို တွေ့လိုက်ရလို့လန့်သွားခဲ့တယ်..နောက်မှထိုသူဟာသူအသိဖြစ်နေတယ်ဆိုတာ သိလိုက်မှစိတ်သက်သာစွာသက်ပျင်းချလိုက်တယ်..သူဘာစကားမှမပြောခင်အခန်းပြင်ကိုအမြန်ပြန်ထွက်ပြီး လူရှိမရှိလိုက်ကြည့်လိုက်တယ်..

လူမရှိဘူးဆိုတာ သေချာမှအခန်းထဲပြန်ဝင်လာပြီး ထိုသူကို..

" ထက်ပြီးမအောင်မြင်ပြန်ဘူးမှတ်လား..ရှင့်ရဲ့လူတွေကစောက်သုံးမကျပါလား ဘာလို့လူတစ်ယောက်လေးကိုမှမသတ်နိုင်ရတာလည်း.."

" သူ့ကိုစောင့်ရှောက်ပေးနေတဲ့လူတစ်ချို့ရှိနေတယ်.."

" မဖြစ်နိုင်တာ...သူ့လိုသာမန်လူတစ်ယောက်ကိုဘယ်သူကကာကွယ်ပေးမှာမလို့လည်း.."

" ယုံတာမယုံတာမင်းသမိုင်း..ဒါပေမဲ့မင်းသ​တိထားအဲ့လူတွေမင်းခိုင်းတယ်ဆိုတာ ပြောရင်ပြောလိမ်မယ်.."

" ဘာ!!!... ရှင်သူတို့ကိုမသတ်ဖူးလား..."

" ငါသတ်ဖို့အချိန်မရလိုက်ဘူး.."

" ဘယ်လိုလုပ်မလဲ..."

" ငါဘယ်အချိန်မှဘုရင်ဖြစ်မှာလည်း.."

" ရှင်ဘုရင်ဖြစ်မှာပါဒါပေမဲ့အချိန်မကျသေးဘူး.."

" မင်းအဲ့စကားကိုပဲပြောနေတာနော်..ငါစိတ်မရှည်တော့ဘူး..."

" ရှင်စိတ်ရှည်မှရမယ်..ရှင်သာစိတ်မရှည်ရင်လုပ်ထားသမျှတွေရေစုံမျော်သွားလိမ်မယ်...ကျွန်မရဲ့ကြိုမြင်နိုင်စွမ်းကိုအထင်မသေးနဲ့.."

" ကောင်းပြီမင်းကိုထက်ယုံကြည်လိုက်မယ်..ဒါပေမဲ့မင််းလိမ်နေတာဆိုရင်တော့ မင်းကိုငါအလွှတ်မပေးဘူး.."

" ရှင်ကြိုက်သလိုလုပ် ဒါပေမဲ့ဂရမ်နစ်ကိုတော့သတ်ပေး..သူကကျွန်မတို့အတွက်ဆူးခလုတ်ပဲ..."

villain boss(s-3)Where stories live. Discover now