Arc-2.3

1.3K 142 17
                                    


( အပေါ်ကတစ်ယောက်ကတော့ ဇာတ်လိုက်ပတ်ဆွန်းနယ်ပါ )

ကျွန်တော်ချစ်ရတဲ့သူသေဆုံးသွားပြီတဲ့။ ကျွန်တော်မယုံဘူး.. သူကျွန်တော်ကိုထားခဲ့မှာမဟုတ်ဘူး။ သူပြောဖူးတယ် ကျွန်တော်သေတဲ့အထိနှောက်ယှက်ဖို့အတွက်သူအသက်ရှင်နေမှာတဲ့..သူခဏခဏကိုပြောခဲ့တယ်..ဒါကြောင့်သူသေသွားတယ်ဆိုတဲ့သတင်းကိုကျွန်တော််မယုံဘူး..သူ့အလောင်းကို​မြင်ရရင်တောင်ကျွန်တော်ယုံမှာမဟုတ်ဘူး..

ကျွန်တော်ရင်ထဲမှာသူအမြဲတမ်းရှိနေတယ်..ကျွန်တော်ရှိနိုင်တဲ့နေရာတိုင်းကိုကျွန်တော်နေ့တိုင်းသွားတယ်..ကျွန်တော်သူ့အကြောင်းကိုအသိဆုံး..ငယ်ငယ်လေးထဲကပေါင်းလာတဲ့သူငယ်ချင်း..သူ့အတွက်တော့ကျွန်တော်ကသူငယ်ချင်းဆိုပေမဲ့ ကျွန်တော်အတွက်တော့သူကသူငယ်ချင်းမဟုတ်ခဲ့ဘူး။ ဘယ်တုန်းထဲကမှသူ့ကိုသူငယ်ချင်းလို့သဘောမထားခဲ့ဘူး..

ကျွန်တော်ထင်ထားတာကကျွန်တော်သူ့အနားမှာအမြဲတမ်း ရှိနေနိုင်မယ်လို့ထင်ထားခဲ့တာ..ဒါပေမဲ့ကျွန်တော်ထင်ထားသလိုမဖြစ်လာခဲ့ဘူး..သူချစ်ရတဲ့သူပေါ်လာတဲ့နေ့က ကျွန်တော်ပထမဦးဆုံးငိုခဲ့ရတဲ့နေ့ပဲ..ကျွန်တော်အဲ့အချိန်ရောက်ဖို့လိုသေးတယ်ထင်တာ ဒါပေမဲ့စောစောရောက်လာခဲ့တယ်..ကျွန်တော်သူ့ကိုချစ်တဲ့အကြောင်းပြောပြချင်ခဲ့တယ်..ဒါပေမဲ့သူပြန်ပေးမဲ့အရာကအမုန်းဖြစ်နေမှာဆိုးလို့ ကျွန်တော်မပြောခဲ့ဘူး..တခြားသူရှေ့မှာကျားတစ်ကောင်လိုဖြစ်နေတဲ့ကျွန်တော်က သူ့အရှေ့မှာတော့ကြောင်လေးတစ်ကောင်လိုဖြစ်နေခဲ့တယ်..

သူချစ်တဲ့သူနဲ့ကြည်နူးနေတဲ့အချိန် ကျွန်တော်အဝေးကနေငေးမော်ကြည့်နေခဲ့ရတယ်...အဲ့တစ်ယောက်နေရာမှာကျွန်တော်သာဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲဆိုပြီး ပေါက်ကရအတွေးတွေတွေးနေခဲ့တယ်..မဖြစ်နိုင်မှန်းသိသိရင်းနဲ့ပေါ့။ သူနဲ့တွဲတဲ့တစ်ယောက်ကိုကျွန်တော်မကြိုက်ဘူး..သူ့ကြောင့်ကျွန်တော်တို့အလှမ်းဝေးနေခဲ့ရတယ်..နှစ်ယောက်ထဲရှိတဲ့အချိန်တွေနည်းလာခဲ့တယ်..

နောက်ဆုံးတော့သူကျွန်တော်ကို ခါးသီးတဲ့စကားတွေပြောလာခဲ့တယ်..ကျွန်တော်ကသူ့အမွေတွေကိုယူချင်လို့ သူ့အနားကပ်တယ်ဆိုပြီးပြောလာခဲ့တယ်..ကျွန်တော်ကဘာကြောင့်သူ့အမွေတွေကိုလိုချင်ရမှာလည်း..သူ့ထက်ဘယ်အရာမှအရေးမကြီဘူးလေ..ဒါကိုတော့သူမသိဘူး။ ကျွန်တော်ဘယ်လိုပဲလုပ်လုပ်အဆင်မပြေခဲ့ဘူး။ ဒါတွေအားလုံးသူ့ကောင်လေးကြောင့်ဆိုတာကျွန်တော်သိတယ်..သူ့ကိုအတန်တန်ပြောတယ် အဲ့တစ်ယောက်မကောင်းတဲ့အကြောင်း သူနားမထောင်ဘူး..အဲ့တစ်ယောက်ပေးတဲ့အချစ်တွေကြားထဲသူနစ်မွန်းသွားခဲ့တယ်..

villain boss(s-3)Where stories live. Discover now