Arc-8.1

308 32 15
                                    


( အပေါ်ကကျယ်မသဲလေးရင်းကျန်ပါ )

" ရင်းကျန်...ရင်းကျန်...မင်းဘယ်မှာလည်း..ရင်းကျန်..."
ကောင်လေးတစ်ယောက်ဟာပန်းခြံထဲလျှောက်သွားရင်း နာမည်တစ်ခုကိုအော်ခေါ်လိုက်တယ် ..အော်ခေါ်နေရင်းနဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့အောက်ကိုရောက်သွားရော..

" ဟူး..မောလိုက်တာ..ရင်းကျန်ဘယ်တွေသွားနေတာလည်းမသိဘူး..."

" ငါဒီမှာ..."

" အား..သရဲ..."
ရုတ်တရပ်ကြားလိုက်ရတဲ့အသံကြောင့် ထိုကောင်လေးလန့်သွားပြီးအော်လိုက်တယ်..အသံလာရာသစ်ပင်ပေါ်ကိုလည်းကြည့်လိုက်ရော သစ်ကိုင်းအကြီးကြီးပေါ်မှာ မျက်လုံးမှိတ်ပြီး လှဲလျောင်းနေတဲ့ကောင်လေးတစ်ယောက်ကို သူတွေ့လိုက်တယ်..လန့်သွားတဲ့ကောင်လေးဟာ ထိုကောင်လေးကိုတွေ့ရောစိတ်သက်သာရာရစွာနဲ့ လေအေးလေးမှုတ်ထုတ်လိုက်တယ်..

သူလည်းကိုယ်ဖော့ပညာရပ်ကိုအသုံပြုကာ သစ်ကိုင်းအကြီးကြီးပေါ်ကို ခုန်တက်လိုက်တယ်..နောက်တော့ထိုင်ချလိုက်ပြီး..

" ရင်းကျန်မင်းငါ့ကိုလန့်ပြီးသေအောင် မလုပ်ပါနဲ့ကွာ.."

"....."

" ရင်းကျန်မင်းအိပ်နေပြီလား.. "
သူ့ရဲ့စကားကိုပြန်မတုန့်ပြန်တာကြောင့် သူလည်း ဘာမှမပြောတော့ပဲအနားယူလိုက်တယ်..ထိုတစ်ယောက်ဟာရင်းကျန်ဆိုတဲ့ကောင်လေး အိပ်နေပြီလို့ထင်နေတာဖြစ်တယ်..တကယ်တော့ရင်းကျန်ဆိုတဲ့ကောင်လေးဟာမအိပ်တဲ့အပြင် သူ့ဘေးနားမှာရှိတဲ့ချစ်စရာကောင်းတဲ့ကောင်လေးကို မကြည့်ပဲစိတ်ထဲကနေစကားလှမ်းပြောနေခဲ့။

ထူးဆန်းစွာနဲ့ထိုကောင်လေးကိုရင်းကျန်ကလွဲရင် ကျန်တဲ့တစ်ယောက်မတွေ့ပေ။

' ရှောင်ပိုင်ငါကအခုနန်းတွင်းထဲမှာဆိုတော့ နန်းတွင်းအရှုပ်ပုံတွေနဲ့များ ပတ်သတ်တာလာဟင်..'

' အသေအချာပဲ..'

' ချီး..ငါအမုန်းဆုံးကနန်းတွင်းအရှုပ်တော်ပုံတွေပဲ..ဇာတ်ကားကြည့်ရင်တောင်အဲ့လိုကားတွေကိုရှောင်တယ်..စိတ်ညစ်လိုက်တာ...ဒါနဲ့ရှောင်ပိုင်ငါကအပြစ်ပေးကမ်ဘာကိုရောက်နေတာလေ ငါ့လင်ရောရှိပါ့မလား..'

villain boss(s-3)Where stories live. Discover now