Arc-7.11

360 40 15
                                    



မုရီမိဘနှစ်ပါးဟာသူ့အသက်၁၄ အရွယ်မှာ ကွာရှင်းခဲ့ကြတယ်..သူကတော့တစ်ယောက်ထဲသာနေနေခဲ့။ မိဘနှစ်ပါးလုံးကလည်းသူတို့နောက်ကို မလိုက်စေချင်ခဲ့ကြ။ ဒါကြောင့်သူတို့နေခဲ့တဲ့အိမ်မှာ မုရီကိုတစ်ယောက်ထဲနေစေခဲ့ကြတယ်..

သူငယ်ငယ်တုန်းကတော့တစ်လတစ်ခါဒါမှမဟုတ် တစ်ပတ်တစ်ခါတော့လာကြည့်ကြတယ်..ဒါပေမဲ့အရွယ်ရောက်လာရောသူ့ကိုလာမကြည့်ကြတော့ပေ။ သူတို့နှစ်ယောက်ကလည်းနောက်အိမ်ထောင်နဲ့ ပျော်ရွင်နေခဲ့ကြတယ်..တစ်လတစ်ခါတော့မုန့်ဖိုးများကြီးပေးကြတယ်...မုရီဟာသူ့မိဘနှစ်ပါးသူ့အပေါ်ဂရုစိုက်လာအောင် အမျိုးမျိုးကြံသူဖြစ်သည်။

ဖျားတာမျိုးရန်ဖြစ်ပြီးမိဘခေါ်ရတာမျိုးတွေဖြစ်အောင် သူလုပ်ခဲ့တယ်..ဒါပေမဲ့သူဘယ်လောက်လုပ်လုပ်သူ့မိဘတွေဟာ သူ့ကိုတစ်ခါလေးတောင်လာမကြည့်။ သူများတွေမိသားစုစုံစုံလင်လင်နဲ့ တွေ့တဲ့အခါမျိုးဆိုရင် မုရီအရမ်းအားကျခဲ့တယ်..ငယ်ငယ်လေးထဲကအခုထိမိသားစုစုံစုံလင်လင် ထမင်းအတူမစားဖူးသေးပေ။

မုရီစိတ်ဒဏ်တွေအရမ်းကျလာခဲ့ပြီး သတ်သေဖို့ကြိုးစားသေးသည်။ မုရီကျောင်းခေါင်းမိုပေါ်ကနေခုန်ချပြီး သတ်သေဖို့ကြိုးစားတော့မဲ့အချိန် ဆာယုဂီရောက်လာတဲ့အတွက် မုရီခုန်မချဖြစ်ခဲ့။ အဲ့တုန်းကနေစပြီးသူဆာယုဂီနဲ့ လူသတ်ဖြစ်ခဲ့တယ်..ကြုံရာလူကိုသတ်တာမဟုတ်ပဲ အပြစ်ကျူးလွန်ထားတဲ့သူတွေမှ သူတို့သတ်တာဖြစ်သည်။ သူအစပိုင်းတော့သူလုပ်ကြံတာတွေ ကျဆုံးခဲ့။

သူကျဆုံးတဲ့အတွက်ဆာယုဂီရောသူ့အဖွဲ့သားတွေရော ဘယ်သူကမှသူ့ကိုအပြစ်မတင်ကြဘူး...တစ်ဖြေးဖြေးနဲ့သူလူသတ်နိုင်သွားခဲ့တယ်..ပထမတစ်ခါသတ်တုန်းကဆိုရင်မုရီညဘက်တွေအိပ်မရဖြစ်လာခဲ့တယ်..တစ်လကျော်ကျော်ကြာမှသူပြန်ပြီးအဆင်ပြေလာခဲ့။

သူအရင်ကလိုမျိုးသူ့မိဘတွေရဲ့ဂရုစိုက်ပေးလာအောင် လုပ်တဲ့အလုပ်မျိုးတွေကိုမုရီမလုပ်ခဲ့။ သူတို့ပေးတဲ့ငွေကိုလက်ခံပြီး သူတို့ကိုအရင်ကလိုမနှောက်ယှက်ပဲနေနေလိုက်တယ်..သူတို့ဆီလည်းအရင်ကလိုခဏခဏမသွားတော့ပဲ တစ်ယောက်ထဲနေရင်နေမနေရင် သူ့အဖွဲ့သားတွေနဲ့နေခဲ့တယ်...မိဘနှစ်ပါးအကြောင်းကိုသူမေ့ထားပြီး ရှေ့ဆက်လျှောက်နေခဲ့တယ်...

villain boss(s-3)Where stories live. Discover now