Arc-3.1

1.3K 113 25
                                    

( အပေါ်ကတစ်ယောက်ကတော့ ယန်ဝင်နေတဲ့ ကိုယ်ပါနာမည်ကရှောင်ပိုင်လေးအလှလေးနော်....)

ရှင်းမြို့တော်မှာရှိတဲ့ စည်ကားလှတဲ့စျေးထဲ၌ စကားပြောသံများဆူညံနေသည်။ ထိုထဲ၌ ဟင်းသီးဟင်းရွက်များရောင်းချနေသော် မိန်းမကြီးတစ်ယောက်ဟာသူ့ဘေးနားက သူနဲ့အတူတူရောင်းနေသော် မိန်းမကြီးကို..

" ဟဲ့..နင်ကြားပြီးပြီလားအခုတလောလေ တောထဲမှာလှပတဲ့လူငယ်လေးရှိတယ်တဲ့.."

" ဒါဘာထူးဆန်းလို့လည်း.."

" ထူးဆန်းတာကအဲ့ဒါမဟုတ်ဘူး..အဲ့လူငယ်လေးကလူမဟုတ်ဘူး မိစ္ဆာတဲ့ လူအသားတွေသွေးတွေကိုစားသုံးတယ်တဲ့.."

" ဟယ်...တကယ်ကြီးလား..ဒါနဲ့နင်ကဘယ်လိုသိတာတုန်း..."

" တောထဲကိုအမြဲတမ်းသွားတဲ့ ဝမ်ဟိုက်ရှင်းဆိုတဲ့မိန်းကလေးကိုသိလား.."

" သိတယ်လေ.."

" အေး..သူ(မ)ပြောပြတာ.."
ထိုမိန်းမကြီးပြောတာကို လမ်းသွားလမ်းလာသူများက စပ်စုကြသည်။ တစ်ချို့ကလည်းဟင်းသီးဟင်းရွက်ဝယ်ရင်းနဲ့ သူတို့သိချင်တာတွေမေးမြန်းကြတယ်..မိန်းမကြီးကလည်းသူသိသမျှတွေကိုတစ်ခုမကျန်ပြောပြနေခဲ့တယ်..

ထိုအချိန်တောထဲတစ်နေရာ၌ မိန်းကလေးငယ်လေးတစ်ယောက်ဟာ မုန့်များနဲ့ပြည့်နေသော် ခြင်းတောင်လေးကိုကိုင်ပြီးနေရာတစ်နေရာကို ဦးတည်နေခဲ့တယ်..ရေကန်တစ်ခုရှေ့ကိုလည်းရောက်ရော သူ့ခြင်းတောင်ကိုကျောက်တုံးပေါ်လေးမှာတင်ထားပြီး ကျောက်စရစ်ခဲတစ်ခုကိုကောက်ပြီး ထိုရေကန်ထဲကိုပစ်လိုက်တော့သည်။

သူပစ်ပြီးတာနဲ့ထိုခြင်းတောင်ထဲ၌ အဝတ် ကြမ်းတစ်ထည်ကိုထုတ်ပြီး မြေပြင်ပေါ်ကိုသေ​သေသပ်သပ်ခင်းထားတော့တယ်..လေနဲ့အတူလွင့်ပါသွားမှာကြောက်တာကြောင့် ကျောက်တုံးသေးလေးတွေနဲ့ အဝတ်စွန်းမှာတင်ထားလိုက်တယ်..နောက်တော့သူပါလာတဲ့မုန့်များကို ထိုအဝတ်ပေါ်၌စီစီရီရီထားလိုက်တယ်..

သူ(မ)အားလုံးလည်းလုပ်ပြီးရော ရေကန်ကိုစိုက်ကြည့်နေခဲ့တယ်..သူ(မ) ပုံစံကတစ်စုံတစ်ယောက်ကိုစောင့်နေတဲ့ပုံစံဖြစ်သည်။ သူမကြည့်နေတဲ့အချိန်မှာပဲ ရေတွေဟာဝဲဂယက်လိုမျိုး စပြီးဖြစ်လာခဲ့တယ်..နောက်တော့အောက်ကနေတစ်စုံတစ်ရာကိုအပေါ်သို့ယူနေသလိုဖြစ်လာခဲ့။

villain boss(s-3)Where stories live. Discover now