Arc-3.10

921 102 24
                                    

ညနက်နေပြီဖြစ်တာကြောင့် လေတိုက်သံနဲ့ပိုးကောင်လေးများရဲ့အသံများဟာ နေရာအနှံ့ပျံနှံနေသည်။ထိုအချိန်လူတစ်ယောက်ဟာအိမ်ခေါင်းမိုးထက်ပေါ်ကနေ ပြေးလွှားနေလေသည်။ အဆောင်တစ်ခုရဲ့ခေါင်းမိုးပေါ်လည်းရောက်ရော ထိုလူဟာရပ်သွားပြီးအောက်သို့ဆင်းခဲ့လိုက်တယ်..နောက်တော့အခန်းထဲကို ခိုးကြောင်ခိုးဝက်နဲ့ကြည့်နေခဲ့တယ်..ထိုကောင်လေးဟာလှုပ်ရှားတဲ့အသံတွေ လူရဲ့အရိပ်တွေကိုမမြင်မကြားရတာကြောင့် အထဲဝင်ဖို့လုပ်တော့သည်။

အသံမကြားအောင်ဖွဖွလေးလျှောက်ပြီး အထဲကိုဝင်ခဲ့တယ်...ထိုကောင်လေးဝင်လည်းပြီးရောလူတစ်ယောက် ထိုခိုးဝင်လာတဲ့တစ်ယောက်ကိုခြုံခိုတိုက်ခိုက်တော့သည်။ ဝင်လာတဲ့တစ်ယောက်ဟာသူ့ကိုလာတိုက်ခိုက်တဲ့သူရဲ့ လက်ထဲကနေရှောင်နေရတော့သည်။ နှစ်ယောက်သားရဲ့တိုက်ခိုက်ရေးဟာလက်ရေးတူလှသည်။ ထိုအချိန်မှာပဲခိုးဝင်လာတဲ့တစ်ယောက်ဟာ..

" ငါပါ..."
သူထိုသို့ပြောလိုက်ရော တစ်ဖက်ကလူချက်ချင်းရပ်သွားခဲ့တယ်..နောက်တော့တစ်ဖက်လူဟာချက်ချင်းဘေးခုံကမီးကိုထွန်းလိုက်တော့သည်။ ထိုမီးအလင်းရောင်ကြောင့်ထိုလူနှစ်ယောက်ရဲ့ ရုပ်ကိုပေါ်လာစေတယ်...ခိုးဝင်လာတဲ့တစ်ယောက်ဟာယန်သာဖြစ်တယ်..တစ်ဖက်ကတိုက်ခိုက်တဲ့သူကတော့ချောင်ဟိုင်သာဖြစ်သည်။

ချောင်ဟိုင်ဟာယန်ကိုလည်းမြင်ရောချက်ချင်းယန်ဆီပြေးသွားပြီး ဖက်တော့သည်။ ယန်လည်းမရုန်းကန်ပဲချောင်ဟိုင်ကို ဖက်ခွင့်ပေးလိုက်သည်။ သူလည်းချောင်ဟိုင်ကိုတော်တော်လေးလွမ်းနေတာဖြစ်တယ်..ချောင်ဟိုင်သူ့ဆီလာမှာကိုစောင့်လို့ရပေမဲ့ တွေ့ချင်တဲ့စိတ်ကတားမရတာကြောင့် သူခိုးလာခဲ့တာဖြစ်တယ်..ချောင်ဟိုင်ကတော့အိမ်မက်များမက်နေတာလားဆိုပြီး တွေးနေမိတယ်...

ကိုယ့်လက်ကိုယ်ပြန်စိတ်လိုက်တော့နာကျင်လာတာကို ခံစားရတာကြောင့်အိမ်မက်မဟုတ်မှန်းသိလိုက်ရတယ်...

" ယန်တကယ်မင်းပဲ ငါအိမ်မက်မက်နေတာမဟုတ်ဘူးပဲ..."

" ငါမင်းကိုလွမ်းလို့လာခဲ့တာ..မင်းကငါ့ကိုရန်သူတို့ထင်ပြီးတိုက်ခိုက်လိမ်မယ်လို့မထင်ထားဘူး.."
ယန်ပြောလည်းပြီးရောစိတ်မကောင်းဖြစ်တဲ့အမူအရာပေါ်လာခဲ့တယ်..ထိုအခါချောင်ဟိုင်တစ်ယောက်ဖက်နေရာကနေခွာလိုက်ပြီး ပြာပြာသလဲဖြင့်...

villain boss(s-3)Where stories live. Discover now